{၁၆}

5.1K 404 34
                                    

ခရီးဆောင်အိတ်လေးနှင့် အိမ်ရှေ့မှာရပ်နေချိန်မှာ စိတ်လှုပ်ရှားနေမိတာအမှန်။ ဘယ်လိုမျိုးအကြည့်နဲ့ ထပ်ပြီးကြည့်လာမလဲ တွေးမိတော့ ပြုံးလိုက်မိသည်။ ဒီတစ်ကြိမ်လည်း ကြိမ်းသေစိတ်ရှုပ်နေဦးမှာ သေချာသည်။ မိုင့်အတွေးကြောင့် ပြုံးလိုက်မိသည်။

သို့သော် တံခါးလာဖွင့်ချိန်မှာ မိုင့်အပြုံးတို့ ရပ်တန့်သွားရသည်။ မိုင့်ကို တံခါးလာဖွင့်ပေးသူဟာ ပျိုးမဟုတ်ချေ။ တံခါးလာဖွင့်သည့်သူဟာ ဆံပင် လိမ္မော်ရောင်၊ မျက်လုံးပြာပြာနဲ့ ထိုလူ။ ထို့နောက် မိုင့် နားထဲဝင်လာသည့် မဆုရဲ့စကားသံတွေ။ ခါးသီးလိုက်တာ။ မဆု ပြောသလို ဒီလူဟာ တကယ်ချောတာပဲ။ မိုင့်ကို မကြွေစေနိုင်ပေမဲ့ မိုင် မလိမ်ပါ ဒီလူဟာမိန်းကလေးတွေ သဘောကျလောက်မည့်ရုပ်ရည်ပါ။ မိုင့်စိတ်ထဲ သဝန်တိုစိတ်တွေ လှိုက်တက်လာသည်။ ထို့ကြောင့် ပျိုးဟာ ဒီလူကိုလက်ထပ်လိုက်သလား။

"Winter (ဝင်းတား) ပြောတဲ့ ဧည့်သည်နဲ့တူတယ် အိမ်ဝင်ပါဗျ"

မိုင် ကြောင်အသွားရသည်။ မိုင့်ကို ယဉ်ကျေးစွာပြောနေသည့် ဒီလူဟာ ဒီနိုင်ငံသားမဟုတ်ပါ။ ဒါကို မြန်မာလို ကောင်းကောင်းပြောတတ်နေသည်။ စကားလေး နည်းနည်းဝဲသယောင်ရှိပေမဲ့ တော်တော်ကျွမ်းကျွမ်းကျင်ကျင်ကိုပြောတတ်တာ။

မိုင် တွေဝေနေတုန်း မိုင့် အိတ်လေးကိုပါ လာကိုင်ယူပေးပြီးအိမ်ထဲယူသွားပေးသည်။ မိုင်တော့ သွားပြီထင်ပါရဲ့။ ဒီလူဟာ လူကောင်းတစ်ယောက်ပုံနှင့် သိပ်တူသည်။ မိုင့် အစီစဉ်တွေ ရေစုန်မျောပြီလား။ မိုင် ဒီအိမ်ထဲ ဝင်ဖို့ မဝံ့ရဲဖြစ်သွားသည်။ သို့သော် ခဏပါပဲ။ မိုင် စိတ်တင်းပြီး အိမ်ထဲကို ခြေလှမ်းချလိုက်သည်။ ပျိုးကို ပိုင်ဆိုင်ဖို့ဆိုလျှင် ဒီလိုတွေဝေနေလို့မရဘူးမလား။

"ဝင်းတားက မီးဖိုချောင်ထဲမှာ ရှိတယ်ဗျ။ ညစာစားဖို့လုပ်နေတော့ ချက်ပြုတ်နေတာ။ ပြီးရင် သူထွက်လာပါလိမ့်မယ်။ ဧည့်သည်ရော စားပြီးပြီလားဗျ"

ဖော်ရိန်နာ တစ်ယောက်လို့မထင်ရအောင်ကို မိုင် အိမ်ထဲဝင်ဝင်ခြင်း စကားတွေတောက်လျှောက်ပြောတော့တာပါပဲ။ မိုင် ဘာစကားမှ မပြောချင်တာကြောင့် မစားရသေးကြောင်း ခေါင်းသာခါပြလိုက်မိသည်။ ထို့နောက် ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ မိုင့်ကို ဆိုဖာပေါ်ကနေ မျက်လုံးဝိုင်းဝိုင်းလေးနှင့် ကြည့်နေသည့် ကလေးမလေးကိုတွေ့လိုက်ရသည်။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now