{၇}

4.7K 391 22
                                    

လက်မောင်းပေါ်မှာရှိတဲ့လက်ကို ခါချလိုက်တော့ အိန်ဂျယ်က မျက်လုံးအဝိုင်းသားလေးနှင့်ကြည့်၏။ မိန်းကလေးနှစ်ယောက်လက်ချင်းချိတ်ထားတာဟာ လူတွေအတွက် ပုံမှန်လိုဖြစ်မှာသေချာပေမဲ့ မိုင်လည်း ဘာလို့ဒီလိုလုပ်မိလဲမသိပါ။ မိုင့်ကို မျက်လုံးအဝိုင်းသားလေးနှင့်ကြည့်နေသည့် အိန်ဂျယ်ကိုအာရုံမထားတော့ပဲ တစ်ဖက်ပြန်ကြည့်လိုက်ချိန်တွင် မိုင့်ရဲ့ မမအကြည့်တွေဟာ မိုင့်ဆီမှာမရှိတော့ချေ။

အောက်တွင် ပြုတ်ကြနေသည့် အထုတ်တို့ကိုကောက်နေသည်မို့ မိုင် ထိုနားလေးကို အလျင်မြန်သွားလိုက်မိသည်။ ပျိုး၏ အခုလေးတင်ဝယ်လာပုံရသော အထုတ်တို့ကို မိုင် ဝိုင်းကောက်ပေးကာ ပျိုးကိုပေးလိုက်သောအခါ ပျိုးဟာ ဆတ်ခနဲဆွဲယူသွားသည်လေ။ ကူညီပေးတဲ့သူ့ကိုဒီလိုလုပ်ပုံထောက် ပျိုးဟာ မိုင့်ကိုတော့ မေ့မသွားဘူးထင်သည်။ မိုင့်ကို မှတ်မိနေတယ်လို့ယူဆလို့ရတယ်မလား။ ဒါမှမဟုတ် မိုင် စိတ်ထင်နေတာလား။

၁၆ နှစ်ကြာအောင် မိုင့်ကိုထားသွားခဲ့တဲ့ ပျိုးဟာ မိုင့်ကို မှတ်မိနေတယ်လို့မှတ်ယူလို့ရပါ့မလား။

"ကျေးဇူး"

မိုင့်ကို ကြည့်ပြီးပြောလာသည့် စိမ်းသက်နေသည့် မျက်ဝန်းတွေကြောင့် မိုင့် ရင်ထဲတင်းကျပ်သွားသည်။ ဘာပြန်ပြောရမလဲ စကားမတွေ့တော့သည်အထိပေါ့။ ပျိုးဟာ မိုင့်ကို မမှတ်မိဘူးတဲ့လေ။

"မမ..."

ပစ္စည်းတွေ အကုန်ကောက်ပြီးတာနဲ့ ထထွက်သွားဖို့လုပ်နေသည့် ပျိုးလက်လေးကိုလှမ်းဆွဲလိုက်ရင်း တားလိုက်မိသည်။ ထိုအခါ ပျိုးဟာ မိုင့်ကို ပြန်ကြည့်သည်မို့ မိုင်လည်း စိတ်အားထက်သန်သွား၏။

"မိုင်လေ... မိုင့်ကို မမှတ်မိဘူးလား။ သိင်္ခလွန်းမိုင်လေ... မိုင်က..."

"မင်းက တို့ မှတ်မိဖို့လိုတဲ့သူလား"

မိုင့်စကားမဆုံးခင် ဖြတ်ပြောလာသည့် ပျိုးစကားကြောင့် မိုင် ရုတ်တရက်မို့ ဘာပြန်ရမလဲဖြစ်သွားသည်။

"ဟိုမယ် မင်းကောင်မလေးစောင့်နေတယ် ပြန်သွားလိုက်တော့"

လက်ကိုဖြုတ်ချရင်းပြောလာသည့် ပျိုးစကားကြောင့် မိုင် ခေါင်းကိုခါလိုက်မိသည်။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now