{၁၀}

5K 370 20
                                    

"ဟယ်လို အမိန့်ရှိပါ။ ဆောင်းရိပ်ပျိုး ပြောနေပါတယ်"

တစ်ဖက်ဖုန်းမှ ထွက်လာသည့်အသံလေးကြောင့် မိုင်ပြုံးလိုက်မိသည်။ ပျိုးဟာ နိုင်ငံရပ်ခြားမှာသွားနေပြီး ခေတ်နောက်ကျလိုက်တာ။ ဒီခေတ်မှာ ဘယ်သူက အဲ့လိုတွေပြောနေသေးလို့လဲ။ 'ဟယ်လို' ဆိုပြီးပြီးပေါ့။ သို့သော် မိုင် သဘောကျ၏။ ပျိုးရဲ့ ဒီလိုပုံစံလေးဟာ ချစ်စရာလေးမဟုတ်လား။

"ဟယ်လိုရှင့်"

နံပါတ်စိမ်းတစ်ခုကို ဒီလောက်ထိ ယဉ်ကျေးစွာပြောနေတာကိုတော့ မိုင် သဝန်တိုချင်ပါသည်။ အဲ့လောက်ထိ မသိတဲ့သူကို ချိုသာနေတာက ပျိုးလွန်လွန်းသည်မဟုတ်လား။

"ဟယ်လို ဖုန်းမပြောရင် ချ..."

"မမ ဖုန်းမချနဲ့နော် မိုင်ရယ်ပါ"

မိုင် ပြောလိုက်တော့ တစ်ဖက်မှလုံးဝငြိမ်သွားသည်။ သို့သော် ဖုန်းမချသေး။

"မမ..."

မိုင် ထပ်ပြောဖို့ ပြင်လိုက်သည့်အခါမှတော့ ပျိုးသည် ဖုန်းချသွားတော့သည်။ ဒီလိုဖြစ်မယ်လို့ မိုင်ထင်မိသားပါ။ မိုင်လို့ပြောလိုက်တာနဲ့ ဖုန်းချမယ်လို့ထင်လိုက်ပြီးသား။ ဒါပေမဲ့ ပျိုးဟာ ခဏငြိမ်သွားတော့ မချတော့ဘူးထင်လိုက်တာ။ မိုင် အခြေနေကြောင့် စိတ်နည်းနည်းညစ်သွားသော်လည်း ပျိုးကို ဖုန်းထပ်ခေါ်လိုက်သည်။ တစ်ခါနှင့် မရ၍ တစ်ခါပြီးတစ်ခါ။ ထပ်ခါ ထပ်ခါပေါ့။ သို့သော် ဆယ့်ငါးကောလ် ကျော်သွားသည့်အခါမှတော့ မိုင့် ဖုန်းလေးဟာ ဘလော့ခြင်းကို ခံလိုက်ရသည်။

"ဟား ဒီလိုလုပ်တယ်ပေါ့လေ။ မမက အပျော့နည်းနဲ့ မရတော့လဲ တွေ့ကြတာပေါ့"

မိုင့် ဖုန်းကို Sim ၂ ကဒ်ထည့်သုံသည်မို့ ကံကောင်းသွားသည်။ ထို့ကြောင့် နောက် Sim နှင့် ပျိုးအား စာပို့ဖို့ စာရွက်လိုက်သည်။

'မိုင့် ဖုန်းကို မမ လက်မခံရင် မမကို ဆေးရုံမှာပိုနေရခက်အောင် လိုက်နှောင့်ယှက်မှာနော်'

ပထမတစ်စောင်ပို့လိုက်သည်။ ခြိမ်းခြောက်သလိုဖြစ်နေပေမဲ့ ခြိမ်းခြောက်နေတာပဲမဟုတ်လား။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now