{၄}

5.4K 400 37
                                    

ကျောင်းသွားလျှင် ကြောက်လန့်တာမျိုးမရှိတော့ပေမဲ့ မိုင် ကျောင်းသွားရတာ မတက်ကြွလှပါ။ ဒီနေ့လည်း ပုံမှန်နေ့တွေလိုပဲ ပျိုးကိုမမြင်ရ၍ မိုင် နေလို့မကောင်းဘူးလေ။ ပျိုးပြောသမျှကို အလိမ်လို့ပဲမှတ်ယူပြီး စိတ်မနာနိုင်ခဲ့ပါ။ ပျိုးဟာ အကြောင်းရင်းတစ်ခုခုရှိလို့ ဒီလိုလုပ်တာနေမှာ။ အရင်တည်းက အဲ့လို မိုင့်အပေါ် လိမ်ညာနေခဲ့တာမလား။

"ဘာတွေ ဒီလောက်မှိုင်နေတာလဲ လွန်း... နေမကောင်းဘူးလား"

ဝသန်မေးတော့ မိုင် ခေါင်းသာခါပြလိုက်သည်။ ထို့နောက် ဆက်မေးလာသည့် စကားတွေကြောင့် မိုင့်မှာ ဖြေရှင်းဖို့စကားရှာရတော့မည်။

"အဲ့ဒါဆို ဘာဖြစ်နေတာလဲလို့ လွန်း"

"ဘာမှမဖြစ်ပါဘူးဆို လဝန်းရယ်... စာမေးပွဲနီးလို့ Stress ဖြစ်နေတာပါ"

"ဟုတ်ရဲ့လား"

"ဟုတ်တာမှ ဟုတ်ဟုတ်ဟုတ် မြည်နေတာပါနော်"

အဲ့တော့မှ လဝန်းဟာ ဆင်ခြေကိုလက်ခံလိုက်သည့်သူလို ဆက်မမေးတော့ချေ။

"အိုး ဟုတ်သား!"

မိုင် အခုမှ သတိရစွာနှင့် ထရပ်လိုက်သည်။ ပျိုးကို လွမ်းဆွတ်နေတာနှင့် မိုင် မေ့လျော့နေခဲ့တာ။

"ဘာဖြစ်... ဟဲ့ ဘယ်သွားတာလဲ လွန်း! ကျောက်တက်နေပြီလေ"

ဟုတ်သည် ကျောင်းတက်နေပြီဆိုတာ မိုင်သိသည်။ အဲ့နေ့က ကျောင်းတက်ချိန်လောက်မှာ ရှိန်းနှင့်တွေ့ပြီး ရှိန်းကို လမ်းညွှန်ပေးခဲ့တာ။ ဒီနေ့ ထိုနေရာတွင် ရှိန်းကို သွားစောင့်နေဖို့ဟာ မိုင် မေ့သွားခဲ့သည်။

"လွန်း စောင့်ဦးလေ..."

အနောက်မှအော်ပြီး မိုင့်အနောက်ပြေးလိုက်လာသည့် လဝန်းကို မိုင်ပြန်ပြောဖို့အချိန်မရှိ။ အချိန်လွဲသွားလို့မရဘူးလေ။ ဒါကို လဝန်းဟာလည်း မိုင့်နောက်မှ ပြေးလိုက်လာသည်။ ထိုအချိန် ဆေးလိပ်ခိုးသောက်ပြီး ပြန်လာသည့် သူတို့အဖွဲ့နှင့်ဆုံလေတော့ မိုင် အဖတ်မလုပ်ပဲ ကျော်တက်ခဲ့သည်။

ဒုန်း...။

"အာ့!"

အနောက်က အသံကြောင့် မိုင် လှည့်ကြည့်လိုက်မိတော့ မိုင့် စိတ်ပူစိတ်တို့လျံသွားတာကာ ရှေ့ဆက်မပြေးနိုင်တော့ပဲ နောက်သို့ပြန်ပြေးရသည်။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now