{၈}

5K 381 30
                                    

"လွန်းလေး တကယ် ကတိတည်မယ်မလား"

"စိတ်မပူပါနဲ့ သမီး ကတိတည်ပါ့မယ်... မေမေရယ်"

ဆေးရုံမသွားခင် ထပ်ခါထပ်ခါမှာနေသည့် မေမေ့ကို လိမ်ရတာ အားနာပေမဲ့ မတတ်နိုင်ပါ။ မိုင့်မှာ လိမ်ဖို့ပဲလုပ်နိုင်တာမလား။ အဲ့ကတိကိုတော့ မိုင် ဘယ်လိုမှ မတည်နိုင်ဘူးလေ။

"တကယ်နော်"

"တကယ်ပေါ့"

အဲ့တော့မှ သက်ပြင်းသဲ့သဲ့ချပြီး နည်းနည်းစိတ်ချသွားတဲ့ မေမေရယ်ပါ။ ထို့နောက် မနက်စာစားပြီးသည်နှင့် မိုင် အမြန်လစ်ထွက်လာခဲ့လိုက်သည်။ ဒီရက်ပိုင်းတော့ အိမ်မပြန်တော့ဘူးလေ။ မေမေနဲ့ မျက်နှာချင်းဆိုင်တိုင်း စိတ်မချဖြစ်နေတာကိုမြင်ရတာ မိုင်လည်း ပင်ပန်းသည်မဟုတ်လား။

"အလှလေးက ဒီနေ့ပိုလှနေတယ်နော်"

"မ... မဟုတ်တာ ဒေါက်တာလွန်းရဲ့... ဒေါက်တာလွန်းကသာ အမြဲလှနေတာ"

"အဟင်း ကျေးဇူး"

မျက်နှာလေးနီလာကာပြောသည့် ကောင်မလေးကြောင့် မိုင် ရယ်လိုက်မိသည်။ ဒီနေ့က မိုင့်အတွက် မြင်မြင်သမျှ လှနေတာလေ။

"ဒေါက်တာလွန်း ဒီနေ့စိတ်ပျော်နေပုံပဲနော်"

"အရမ်းကိုပေါ့"

"ဒေါက်တာလွန်းက အမြဲတက်ကြွနေတော့တာပဲ"

အရင်နေ့တွေတုန်းက တက်ကြွချင်ယောင်ဆောင်နေခဲ့တာလေ။ ပျိုးကို မမေ့နိုင်ပေမဲ့ မေ့အောင်ကြိုးစားရင်း ပုံမှန်ဘဝဖြစ်အောင်နေနေခဲ့တာ။ ဒါပေမဲ့ ဒီနေ့က မတူဘူး။ ထို့ကြောင့် သူမလေးပြောတော့ မိုင် ပြုံးသာပြုံးလိုက်မိသည်။

"ဒါနဲ့ ဒေါက်တာလွန်း ကြားပြီးပြီလား... ဒီကို ပါမောက္ခအသစ်ရောက်နေတယ်ဆိုတာလေ"

"အွန်း တို့ကြားတယ်"

"ဟျောင့် ပါမောက္ခကချောချောလေးတဲ့သိလား... ငယ်ငယ်ရွယ်ရွယ်နဲ့ ပါမောက္ခဖြစ်တာတဲ့"

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now