မနေ့ကတစ်ရက်လုံးငိုထားတော့ ရှုတင်ပထမဆုံးသွားရမယ့်နေ့မှာတင် ဖျက်လိုက်ရသည်။ အလုပ်ကို လေးစားမှုမရှိတဲ့ ကောလဟာလတွေအတိုင်း အခုတော့ တကယ်ဖြစ်တော့မည်။ အကြောင်းကား ဆောင်းရိပ်ပျိုးကြောင့်တဲ့။ သူမကို ဒီလို မျက်လုံးတွေမို့စေပြီး ရေခဲကပ်ရအောင် လုပ်တဲ့တရားခံဟာ သူမရဲ့ မမပျိုးပါပဲ။
"ဟိုဆရာဝန်အူကြောင်ကြောင်ကြောင့် အပျော်လေးရနေတာအကောင်းကို..."
ခြွေ စိတ်ညစ်စွာ ငြီးငြူမိသည်။ သူမရဲ့ သားကောင်အသစ်လေးတွေ့ပြီးပျော်သွားခဲ့တာကို ပျိုးကြောင့် အပျော်တွေပျက်ရသည်မဟုတ်လား။
'ဒီမယ် ထပ်ပြီး မမပျိုးကိုဒီလိုစကားတွေပြောနေမယ်ဆိုရင် ညီမအဖြစ်တောင် မသတ်မှတ်တော့ဘူး'
'ခြွေလည်း ဘယ်တုန်းကမှ မမပျိုးရဲ့ ညီမ မဖြစ်ချင်ပါဘူး'
'ခယောင်းခြွေ!... မမပျိုးမှာ ကာမပိုင်ယောကျ်ားရှိတယ်ထပ်ပြီး စည်းကျော်မလာနဲ့'
'ခြွေ စည်းမကျော်ပါဘူး။ စည်းကျော်ချင်မှတော့ မမပျိုး ဒီလိုအခြေနေတောင်ရှိမနေဘူး။ မမပျိုးနဲ့ မမပျိုးယောကျ်ားကြားကို ဝင်ရှုပ်ပြီး ခနှောက်ဆန်ပစ်မှာ... အခုက ခြွေ ဘာလုပ်နေလို့လဲ။ မမပျိုးကို ဒီတိုင်းချစ်နေရုံလေး! ဒီတိုင်း ချစ်ကြောင်းလေးပဲ အမြဲပြောနေချင်ရုံလေးပါ။
ခြွေ့လုပ်ရက်ကြောင့် မမပျိုး စိတ်ရှုပ်ရတာသိပေမဲ့ ခြွေက မမပျိုးကို ပြန်ချစ်ပေးဖို့ တောင်းဆိုနေတာမဟုတ်တာ။ ခြွေ့ကို နည်းနည်းလေးတောင် မငဲ့ဘူးလား။ ဒီလောက်လေးပဲ ကျေးဇူးပြုပြီးမသိချင်ယောင်ဆောင်ပေးပါလား... မမပျိုးဘာမှနစ်နာတာမှမဟုတ်ပဲ'
'ခြွေ!'
'ခြွေ့ဘက်ကပဲ ချစ်နေချင်တာလို့!... ခြွေ့ဘက်ကပဲ မမပျိုးကို ချစ်ခွင့်လေးပဲရရင်တောင် ချစ်နေချင်တာပါ။ ဒါကို မမပျိုးက မချစ်ဖို့ပြောတာတော့ ခြွေမလုပ်နိုင်ဘူးလေ'
မနေ့က ခြွေမျက်ရည်တွေနှင့် အခြေတင်ပြောခဲ့ရသည့် စကားတွေ ပြန်တွေးမိတော့ ပြန်ငိုချင်လာသည်။ ခြွေ မလုပ်သင့်တဲ့ လူ့ဘောင်စည်းမျဉ်းကိုကျော်မိနေတာကို ခြွေသိပါသည်။ ဒါပေမဲ့ ပျိုးဆီက အချစ်ကိုခြွေမရရင်တောင် ပျိုးကိုတောင် ခြွေဘယ်လောက်ချစ်ကြောင်းတွေပြောပြချင်သည်။ သူ့ယောကျ်ားထက်ပေါ့။
YOU ARE READING
တစ်ဖန်ပျိုးသော အချစ်
Romanceကံကြမ္မာကတစ်ဖန်အခွင့်ပေးခဲ့တယ်ထင်ခဲ့ပေမဲ့ အတိတ်ဟာပြောင်းလဲနေခဲ့တယ်... ဒါဟာ အခွင့်ရေးမဟုတ်တဲ့ သူမအတွက်ပြစ်ဒဏ်တစ်ခုပဲ။ တစ်ဖန်ပျိုးသော အချစ် (ချစ်ခြင်း၏ တံခါးတစ်ဖက်၌ Season-2) GL OC ✨