{၆}

5.8K 416 39
                                    

"အခုတလော သိပ်အားနေတယ်ပေါ့လေ လဝန်း"

"အားစရာလားနော်... နင်တို့ကို သတိရလို့သာ။ ငါ့မှာက Schedule တွေကိုပြည့်လို့... ဟွန့်"

မိုင့်ဆီ မျက်စောင်းလေးတစ်ချက်ပို့ပြီးပြောတော့ မိုင် ပြုံးလိုက်မိသည်။ လဝန်းမအားတာသိသားပဲလေ။ သူ့လို ရုပ်ရှင်လောကရဲ့ ဆု(အကယ်ဒမီ)ရ တစ်ယောက်က အားနေတယ်ဆိုတာ မဖြစ်နိုင်စရာ။ ဒါပေမဲ့ အခုတလော မိုင်တို့ဆီ ခဏခဏလာနေသည်။

ဒါကတော့ ပြဿနာမဟုတ်ပါ။ မိုင်တို့ ဆေးရုံနားက တွေ့နေကြစားသောက်ဆိုင်ဟာ လဝန်းဖေဖေရဲ့ စားသောက်ဆိုင်မို့ ခဏခဏ လာနေတာလည်းလူမသိသလို၊ အဖေဖြစ်သူဆိုင်သွားနေတာက သိလည်း ကိစ္စမရှိတဲ့အရာမလား။ လဝန်းဟာ သူ့အဖေရဲ့ဆိုင်ခွဲတွေအများကြီးရှိသည့် အထဲမှ ဒီဆိုင်လေးကိုသာ ခဏခဏလာဖြစ်သည်။ မိုင်တို့နှင့် တွေ့ဖို့ပေါ့။

"ဦးရေ... ဘာတွေဒီလောက်တိတ်နေတာလဲ... မဟုတ်မှ ငါ့ကိုချစ်ဖို့အကြောင်းတွေလား"

ရှိန်းဆီလှည့်သွားသည့် လဝန်းစကားကြောင့် မိုင် အသာလေး ခေါင်းခါလိုက်မိသည်။ ရှိန်းဟာတော့ သူ့မျက်မှန်လေးကိုပင့်လိုက်ကာ လဝန်းကိုကြည့်၏။

"မဟုတ်ပါဘူး အဲ့လိုစဉ်းစားစရာအကြောင်းမှမရှိတာ"

"ဟွန့် ငါ့ရဲ့တစ်ဖက်သက်အချစ်ကြီးက ဆိုးရွားလိုက်တာ... ရက်စက်တဲ့သူကြီးကိုမှ ချစ်မိနေတော့လည်း ခံရမှာပေါ့"

မိုင် သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ စနောက်သလို မျက်နှာငယ်လေးနှင့် လဝန်းကပြောနေပေမဲ့ လဝန်းဟာ ရှိန်းကို တကယ်ကို တစ်ဖက်သက်ချစ်နေခဲ့တာ။ ဒါကို မိုင်သိသလို၊ ရှိန်းလည်းသိသည်။ အဲ့လိုသိအောင်လည်း လဝန်းက အတိလင်းကြေငြာထားတာလေ။ လဝန်းငယ်ငယ်က မိုင့်ကို ရှိန်းအပေါ်အထင်လွဲခဲ့သမျှ ကြီးလာတော့ ရှိန်းကိုမေတ္တာသက်ဝင်လာသူမှာ လဝန်းသာဖြစ်၏။ ရှိန်းကို လဝန်း ဖွင့်ဟထားတာဟာ ၇ နှစ်တာရှိခဲ့ပြီ။

သို့သော် ရှိန်းဟာတော့ လဝန်းကို သူငယ်ချင်းလိုမှလွဲလျှင် နည်းနည်းလေးတောင် စိတ်ဝင်မစားချေ။ လဝန်းနှင့် မိုင်ဟာ စောင့်ဆိုင်းနေရခြင်းတူသူမို့ လဝန်းကို မိုင် သနားမိသည်။ ထို့ကြောင့် ဒီနှစ်တွေအတွင်း မိုင်ကူညီဖို့ကြိုးစားခဲ့ပေမဲ့ ရှိန်းဟာလမ်းမဖွင့်ပေးချေ။ ရှိန်းကဲ့သို့ပင် လဝန်းဟာလည်း ကူညီတာမကြိုက်ခဲ့ပါ။

တစ်ဖန်ပျိုးသော အချစ်Where stories live. Discover now