👑 6

241 50 6
                                    

"ဆူမြောင် မင်းသမီး...ချန်းနိုင်ငံရဲ့ နန်းတော်ဂိတ်ဝကို ဝင်ပါတော့မယ်"

ရထားလုံးအပြင်ဘက်ကနေ အသိပေးသံကိုကြားတော့မှ ဂျောင်ဆူးလျောချထားသည့် ပုဝါစလေးကို ပြန်လည်ခြုံလိုက်သည်။ တစ်နေကုန်အတွေးမျိုးစုံနဲ့ မွန်းကြပ်လို့နေခဲ့ပြီး ရထားလုံးထဲ ထိုင်လိုက်ရတာကြောင့်လည်း ညောင်းညာလို့နေသည်။ ရထားလုံးက ကျယ်ပြီး သက်သောင့်သက်သာနေလို့ရပေမဲ့ သူ့အကြောင်းကို တစ်ယောက်ယောက်ရိပ်မိသွားမှာ စိုးသည်စိတ်ကြောင့်ရော၊
အမျိုးမျိုးသော ပူပန်စရာတွေကြောင့်ပါ သူ သက်သက်သာသာမနေနိုင်ခဲ့ပါ။ ညက မင်းသား ချန်းယောလ်ပြောသွားတဲ့စကားကြောင့် သူ့ရဲ့ရှေ့ရေးကို တွေးပူကာ ရင်လေးလို့နေသည်။ သူ အမျိုးသားတစ်ယောက်ဖြစ်ကြောင်းကိုဖုံးကွယ်ထားပြီး အမျိုးသမီးအနေနဲ့ လက်ဆက်ယူမည်ဆိုသည့်ကိစ္စက အရမ်းကိုမှ အဓိပ္ပါယ်မဲ့လွန်းနေရာမကျဘူးလား။ သူက ဒီပုံစံနဲ့ ဘယ်လောက်ကြာကြာဟန်ဆောင်နေနိုင်မှာတဲ့လဲ။ သူ့ကို မိဖုရားတစ်ယောက်လို အဆောင်အယောင်တွေ ဆင်ယင်ထုံးဖွဲ့မှုတွေ လုပ်စေမှာလား။ သူ့ဘက်က မဖြစ်ဖြစ်တဲ့နည်းနဲ့ ငြင်းမှာပဲဆိုပေမဲ့ မလွန်ဆန်နိုင်ဘဲ လုပ်ရတဲ့အခါဆို သူရှက်ပြီး သေရပါလိမ့်မည်။

"ကြင်ယာတော်‌ စံမြန်းရမဲ့အဆောင်ကို ကိုယ်တော် လိုက်ပို့ပေးမယ်"

မင်းသား ချန်းယောလ်ရဲ့ ကြင်ယာတော်ဆိုသည့် အသုံးကြောင့် သူ့ခန္ဓာကိုယ်မှာ ကြက်သီးများပင် ထ သွားသည်။ ညကတည်းက တောက်လျှောက် သူ့ကိုစကားပြောတိုင်း ကြင်ယာတော်လို့ တစ်လုံးချင်းပီပီသသ သုံးလွန်း၍ သူက ထိုအသုံးအနှုံးကိုတောင် မုန်းချင်လာပြီ။ ရထားလုံးရဲ့လိုက်ကာကိုဆွဲဖွင့်ပြီးပြောတဲ့ မင်းသားကြောင့် သူ ရထားလုံးပေါ်ကဆင်းလိုက်သည်။ သူ့ခြေထောက်နဲ့မြေကြီးထိတာနဲ့ သူ့အပေါ်ကိုထပ်ပြီး ခြုံလွှမ်းလာတဲ့ မင်းသားရဲ့ ဝတ်ရုံအပြာရင့်ရင့်။ ကြီးမားတဲ့ဝတ်ရုံကြောင့် သူ့ကို အကဲခတ်နေတဲ့ အနီးအနားကလူတွေကို သူကပြန်ပြီး အကဲမခတ်နိုင်တော့အောင် ဖြစ်ရသည်။

"မင်းသား ကျွန်တော် ရှေ့ကို မမြင်ရတော့ဘူး"

"ကိုယ်တော်ရှိတာကို ဘာတွေတွေးပူနေတာလဲ
ကိုယ်တော့်ရဲ့လက်ကို ကိုင်ပြီးလိုက်ခဲ့"

THE EMPRESSWhere stories live. Discover now