👑 14

173 44 9
                                    

နန်းတွင်းတွင် ဒုတိယအကြိမ် ကျင်းပသည့် မိုးခေါ်ပွဲဖြစ်သည်။ ပထမ အကြိမ်ကအတိုင်း နန်းတော်အပြင်ဘက်မှာ တိုင်းသူပြည်သားတွေရှိနေပြီး အကုန်လုံးက ဒီတစ်ကြိမ်ရလာဒ်ကို အလွန်မှ စိတ်ဝင်စားနေကြသည်။ မင်းသားဝမ်ယူနှင့် မင်းသားချန်းယောလ် မည်သူက မိုးခေါ်နိုင်မည်လဲဟု အလောင်းအစားပင် လုပ်နေကြသေးသည်။ ထုံးစံအတိုင်း အသက်အစဉ်အရ မင်းသားဝမ်ယူက ဦးစွာ မိုးခေါ်သည်။ အမွှေးအကြိုင် နံသာတိုင်များထွန်းညှိပြီး မိုးမြေ ပူဇော်သည်။ မိုးရွာလာစေရန် ဆုတောင်းသည်။ အချိန်တစ်ခုကြာသည်အထိ မိုးအုံ့လာသည်ကလွဲ၍ ထူးခြားမလာသောအခါ မင်းသားချန်းယောလ်အလှည့်သို့ရောက်လာသည်။

မင်းသားချန်းယောလ်က မိုးခေါ်ပွဲကိုလာစဉ်ကနေ တောင်းဆုပြုခါနီးအထိ ကြင်ယာတော်၏ လက်ကို တစ်ချက်ကလေးမှမလွှတ်ဘဲ ဆုပ်ကိုင်ထားသည်။ ဆုတောင်းခါနီးမှ ကြင်ယာတော်ရဲ့ လက်ကိုလွှတ်လိုက်ကာ ဆုတောင်းဖို့ပြင်ဆင်ထားသည့် စင်ပေါ် နေရာယူလိုက်သည်။ အမွှေးနံသာများထွန်းညှိပြီး ဆုတောင်းခြင်း အစမှာပင် နေလုံးဝမမြင်ရတော့သည်အထိ မိုးတွေမဲလာသည်။ ထို့နောက်မိုးခြိမ်းသံကြားရပြီး မိုးစက်လေးများ တစ်ပေါက်ချင်း စတင် ကျဆင်းလာသည်။ မင်းသားချန်းယောလ်က တည်ငြိမ်လျက် ဆုတောင်းခြင်းမပျက်သော်လည်း နန်းတွင်းအမှုထမ်းတွေကတော့ ပျော်ရွှင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ နန်းတော်အပြင်မှာ စောင့်နေကြသူများရဲ့ ပျော်ရွှင်အော်ဟစ်သံများက ကျယ်လောင်လာသည်။ ကြင်ယာတော်နဲ့ မြောက်နန်းစံမိဘုရားကလည်း ကျေနပ်ပီတိအပြည့်ဖြင့် ပြုံးနေခဲ့သလို နန်းတက်မင်းသားနဲ့ အရှင်ကလည်း ပြုံးပျော်နေခဲ့ပါသည်။ မင်းသားဝမ်ယူနဲ့ အလယ်နန်းစံမိဘုရားကတော့ မပျော်ရွှင်နိုင်ဖြစ်နေခဲ့ကြသည်။ မိုးမခေါ်နိုင်ခြင်းက တိုင်းပြည်ကို ချုပ်ကိုင်နိုင်မည့်အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ခြင်းပင်။

နန်းရင်ပြင်တစ်ခုလုံး ရွှဲစိုသွားသည်အထိ မိုးများသည်းထန်ပြီးနောက် သူတို့ရဲ့ ဆုတောင်းပွဲလေးက အဆုံးသတ်သွားသည်။ အရှင်က မင်းသားချန်းယောလ်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး အားရကျေနပ်နေခဲ့ပြီး နန်းလွှဲခြင်းကို အမြန်ဆုံး ပြုလုပ်ရန်လည်း ပြောသည်။ ဆုတောင်းပွဲမှ အမတ်တွေနဲ့ နန်းသွေးတွေအကုန် သက်ဆိုင်ရာအဆောင်ဆီ ပြန်သွားပြီးနောက် မင်းသားချန်းယောလ်နှင့် ကြင်ယာတော်သာ ကျန်ရစ်ခဲ့သည်။

THE EMPRESSWhere stories live. Discover now