👑 13

206 40 16
                                    

အရှင်နှင့်တကွ မိဖုရားများနှင့် သားတော်များ စုံညီစွာတက်ရောက်ကြသည့် မနက်စာ ပွဲတော်တည်ချိန်ဖြစ်သည်။ အရှင်က စားပွဲထိပ်ဦးမှာနေရာယူထားပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ မြောက်နန်းစံနှင့် အလယ်နန်းစံ မိဖုရားနှစ်ပါးရှိနေသည်။ နန်းတက်မင်းသား၊ မင်းသား ဝမ်ယူ၊ မင်းသား ချန်းယောလ် နှင့် မင်းသား ဒယ်ဂျွန်‌ဆောင်းတို့ကလည်း အသီးသီးနေရာယူထားကြပြီး မင်းသားဝမ်ယူ၏ ကြင်ယာတော်ကလည်း သူတို့နှင့်အတူ ပွဲတော်တည်ရန်ရောက်ရှိနေပြီဖြစ်သည်။ သို့သော်....
မင်းသားချန်းယောလ်ကတော့ ကြင်ယာတော်ဆူးမပါဘဲ တစ်ဦးတည်း ပွဲတော်တည်ရာဆီထွက်လာခဲ့တာဖြစ်သည်။

"သားတော် ချန်းယောလ်ရဲ့ ကြင်ယာတော်ကရော
ဘာကြောင့်များ ပွဲတော်တည်ဖို့ မတက်ရောက်လာသေးတာလဲ"

အရှင့်မေးခွန်းကြောင့် မင်းသားချန်းယောလ်က အနေရခက်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ မိဖုရားတို့အပါအဝင် ညီအစ်ကိုတွေကလည်း သူ့မျက်နှာကို လိုက်ကြည့်နေကြသည်။

"ကြင်ယာတော်က နေထိုင်မကောင်းဖြစ်နေလို့ ပွဲတော်တည်ဖို့မတက်နိုင်တာပါ"

ချန်းယောလ်ရဲ့အဖြေကို အရှင်က လက်ခံသလို ခေါင်းငြိမ့်ပေမဲ့ အရှင့်ထက်ပိုပြီးစိတ်ဝင်စားနေသူက အလယ်နန်းစံမိဖုရားဖြစ်နေသည်။

"ဘယ်နေရာကများနေမကောင်းတာပါလဲ မင်းသား
တကယ်လို့များ ရောဂါနဲ့ဆေးနဲ့ တွေ့မယ်ဆို မယ်မယ်က ဆေးမြစ်တွေ ပို့ပေးချင်လို့ပါ"

မင်းသားချန်းယောလ်က အလယ်နန်းစံမိဖုရားကို ကြည့်ကာ ပြုံးလိုက်ရင်း

"အထွေအထူးတော့ မဟုတ်ပါဘူး
ကြင်ယာတော်နဲ့ ကိုယ်တော်နဲ့က အခုမှ မင်္ဂလာဦးဆိုတော့..."

"အဟမ်း...ပွဲတော်တည်ရအောင်"

အရှင်က စကားဖြတ်ပြောလိုက်တော့မှ သူတို့ချင်း စကားစ ပြတ်သွားသည်။ မင်းသားချန်းယောလ်ကတော့ ပွဲတော်တည်သည့် တစ်လျှောက်လုံး အလယ်နန်းစံမိဖုရားနှင့် သူ့နောက်ပါ အစေအပါးတွေကို စူးစမ်းလို့နေသည်။

မနေ့ညက ကြင်ယာတော်ရဲ့ အိပ်မက်ဆိုးနဲ့ နိုးထလာပုံကို သူအခုထိ မျက်လုံးထဲက မထွက်သေး။ ကိုယ်ပေါ်မှာမြင်ရတဲ့ ကုတ်ခြစ် ကိုက်ခဲရာတွေကလည်း သွေးရိုးသားရိုးမဟုတ်တာ သူရိပ်မိသည်။ ကြင်ယာတော်ရဲ့ ဒဏ်ရာတွေ သက်သာပါစေတော့ဆိုတဲ့စိတ်နဲ့ သူက အားငွေ့ပေးကာ ငုံခဲပေးခဲ့သလို သူ့ရဲ့ ကောင်းမွန်တဲ့ ကံကြမ္မာတွေကို ကြင်ယာတော်ဆီ သက်ရောက်စေဖို့ ကံကြမ္မာချင်းဖလှယ်တဲ့အနေနဲ့ သူတို့ပေါင်းဖက်ခဲ့ကြသည်။ သူမနက်နိုးလာတဲ့အထိ အိပ်မောကျနေသေးသည့် ကြင်ယာတော်ကို သူမနှိုးရက်သည်မို့ တစ်ဦးတည်း ပွဲတော်တည်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။

THE EMPRESSWhere stories live. Discover now