👑 Final

181 46 5
                                    

ကျေးငှက်သံလေးများဖြင့် သာယာစွာနိုးထခဲ့သော မနက်ခင်း။
ဂျောင်ဆူး လုပ်နေကျအတိုင်း အိပ်ယာနိုးတာနဲ့ ရေချိုးဆောင်ဝင်ပြီး မင်းသမီး ဆူမြောင်နဲ့အတူ မနက်စာ ပွဲတော်တည်ရန် အဝတ်အစား ပြင်ဆင်သည်။ ခရမ်းရင့်ရောင်ဝတ်ရုံနှင့် ခေါင်းစည်းကို သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် သူ့ရဲ့အဆောင်တံခါးကိုဖွင့်ကာ ထွက်ခဲ့သည်။

အဆောင်ပြင်ကို ခြေလှမ်းချမလို့ ပြင်လိုက်စဉ် အဆောင်ရှေ့တွင်ရှိနေသည့် နန်းတွင်းသူတစ်ချို့ကြောင့် သူ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားရသည်။
နန်းတွင်းသူတွေက ပန်းစည်းအချို့ကို ကိုင်ထားပြီး သူ့အဆောင်ရှေ့မှာ ရစ်သီ ရစ်သီလုပ်ကာ စောင့်နေကြခြင်းဖြစ်သည်။ ဂျောင်ဆူးအနေနဲ့ မင်းသမီးဆူမြောင်ကို အခစားမဝင်တော့ကတည်းက မနက်စောစော မင်းသမီးအဆောင်တော်ကို ပန်းဆက်သရန် နန်းတွင်းသူတွေက တာဝန်ယူကြသည်။ ဂျောင်ဆူး ပြန်ရောက်လာမှန်းသိကတည်းက နန်းတွင်းသူများက မနက်ပိုင်း ပန်းဆက်သခြင်းအလုပ်ကို ဂျောင်ဆူးအတွက်ပါ ပြုလုပ်လိုကြသည် ။

ဂျောင်ဆူးက လန်နိုင်ငံမှာ လန် အိမ်ရှေ့မင်းသားပြီးလျှင် နန်းတွင်းပျိုတိုင်းစွဲမက်ရသည့် ကိုယ်ရံတော်ဖြစ်ခဲ့သောကြောင့် ချန်းနိုင်ငံကို ရောက်သွားချိန်တွင် နန်းတွင်းသူတစ်သိုက်မှာ
နှမြောတသ ဖြစ်ခဲ့ရသည်။ ယခုလိုပြန်ရောက်လာချိန်တွင်တော့ နန်းတွင်းသူများက ဂျောင်ဆူးအနားကို ခြေလှမ်းဦးတည်လိုကြတာဖြစ်သည်။

"လူကြီးမင်းအတွက် ပန်းဆက်သတာပါ"

"တကူးတက အချိန်ပေးပြီးလုပ်ပေးစရာမလိုပါဘူး
ကျွန်တော့်အနေနဲ့ မလိုအပ်လို့ပါ"

ဂျောင်ဆူးက ပန်းတွေကို အဆောင်မှာ အခစားဝင်တဲ့ နန်းတွင်းသူတစ်ဦးဆီ လက်လွှဲခဲ့လိုက်ပြီး မင်းသမီးအဆောင်ဘက်သို့ ထွက်လာခဲ့သည်။ မင်းသမီး ဆူမြောင် အဆောင်သို့မရောက်မီ လမ်းဆုံနေရာတွင် လန်နိုင်ငံရဲ့ အိမ်ရှေ့စံ ကြွလာသည်ကို မြင်သောကြောင့် လမ်းဘေးသို့ကပ်ရပ်ကာ အရိုအသေပေးလိုက်သည်။

"အိမ်ရှေ့စံ နေကောင်းကျန်းမာပါရဲ့လား"

"နေကောင်းပါတယ်..ဒီနေ့အတွက် တောထဲကို အမဲလိုက်သွားဖို့လေ
အတူလိုက်ခဲ့မယ်မဟုတ်လား"

THE EMPRESSWhere stories live. Discover now