နန်းတက်ပွဲရက် နီးကပ်လာလေ မင်းသားချန်းယောလ်က အလုပ်များလာလေဖြစ်သည်။ အရှင်ကျန်းမာရေးချို့ယွင်းကတည်းက ပုန်ကန်ချင်လာသော အစွန်အဖျားဒေသတွေကို နှိမ်နင်းရန် သူက စစ်ဗျူဟာတွေခင်းရသည်။ သူကိုယ်တိုင်မပါဝင်နိုင်သည့် နယ်မြေသိမ်းပွဲတွေအတွက် သူယုံကြည်ရသော ဗျူဟာမှုးတွေကို အနီးကပ် သင်ပြပေးနေရသည်။
တစ်ဖက်ကလည်း သူ့စကားဆို တစ်ခွန်းမှ နားမထောင်ဘဲ လုပ်ချင်တာလုပ်သည့် ကြင်ယာတော်ကို စိတ်ပူရသည်။ ချောင်းဆိုးသက်သာတာမှ မကြာသေး အရင်လို ဓားရေးလေ့ကျင့်လိုက် အစ်ကိုတော်ရဲ့ စာဖတ်ဆောင်သွားလိုက်နှင့် အဆောင်မကပ်သော ကြင်ယာတော်ကို သူ့အနားခေါ်ထားချင်သော်လည်း ကြင်ယာတော်က နေမည်မဟုတ်မှန်းသူသိပြီးဖြစ်သည်။
ထို့အပြင် သူ့မှာ တိုင်းရေးပြည်ရေး၊ စစ်ရေး၊ ကြင်ယာတော်အရေးကိစ္စတွေ အပြင် အခြားကိစ္စတစ်ခုကိုလည်း အချိန်ပေးလုပ်ဆောင်နေခဲ့ပါသေးသည်။ ထိုအရာက သူချစ်မြတ်နိုးရသော ကြင်ယာတော်..ရက်ပိုင်းအတွင်းတွင် သူ့ရဲ့ဧကရီဖြစ်လာတော့မည့်သူအတွက် အထူးလက်ဆောင်တစ်ခုဖြစ်သည်။
👑
ချန်းနိုင်ငံရှိ တိုင်းသူပြည်သားအားလုံးမျှော်လင့်နေကြသော နန်းတက်ပွဲကျင်းပမည့်နေ့..။
သူတို့နိုင်ငံတွင် နှစ်များစွာကြာပြီးမှ ကျင်းပသည့်ပွဲဖြစ်တဲ့အပြင် အရှင့်ရဲ့ သားတော်သုံးဦးထဲမှ နန်းတက်မည့်သူကို အထူးတလည်
အလောင်းအစားလုပ်ကာ စဉ်းစားရသည်အထိ ခန့်မှန်းရန် ခက်ခဲခဲ့သော နန်းတက်ပွဲဖြစ်သောကြောင့် နန်းတွင်းအမှုထမ်းများသာမက တိုင်းသူပြည်သာများပါ ပျော်ရွှင်နေကြသည်။ အရှင့်နန်းတော်အနီး နေထိုင်သူများက ပွဲကျင်းပသံကို နန်းတော်အနားသို့လာကာ နားထောင်ချင်ကြသလို နန်းတော်နှင့်ဝေးရာဒေသက လူများကလည်း သတင်းသယ်ဆောင်လာမည့် တစ်ဦးဦးကို မျှော်လင့်နေကြသည်။ထိုရက်တွင် နန်းတွင်းပြင်ပ အမှုထမ်းများကို အလုပ်တာဝန်မှ အနားယူခွင့်ပေးထားပြီး နန်းတွင်းအမှုထမ်းများကိုတော့ နန်းတက်ပွဲပြီးလျှင် ဆုကြေးငွေနှင့် အလှည့်ကျ အနားယူခွင့်ပေးမည်ဖြစ်သည်။ တိုင်းသူပြည်သားများကလည်း နန်းတက်ပွဲမတိုင်မီကတည်းက
ကြင်ယာတော်ဆူး၏ ပေးကမ်းမှုများကြောင့် တိုင်းပြည်ရဲ့ နန်းတက်မင်းသားထက်ပင် တိုင်းတစ်ပါးက ကြင်ယာတော်အပေါ် မေတ္တာပိုလို့နေကြသည်။
![](https://img.wattpad.com/cover/360248349-288-k3451.jpg)