👑 20

190 38 8
                                    

ယနေ့အတွက်ပြုလုပ်သော နန်းတွင်းတွေ့ဆုံပွဲအပြီးတွင် အရှင်ပတ်ချန်းယောလ်က အစွန်အဖျားနိုင်ငံတစ်ခုမှ မင်းသမီးဆူယောင်းကို မိဖုရားမြှောက်ရန် လက်ခံသဘောတူခဲ့သည်။ ချန်း နိုင်ငံတော်ကို ပြန်လည်တည်ထောင်နေသည့်အချိန်ဖြစ်သောကြောင့် ယခင်က ခမည်းတော်လက်ထက်မှာ အင်အားကြီးခဲ့သည့်အတိုင်း နီးစပ်ရာနိုင်ငံတွေကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ရန်၊ အင်အားရှိပြီးသားနိုင်ငံများကိုတော့ မဟာမိတ်ဖွဲ့ရန် မိမိဘက်တော်သား အမတ်အချို့နှင့် တိုင်ပင်ဆွေးနွေးကာ ထိုသို့စီစဉ်ခဲ့ခြင်းဖြစ်သည်။

များပြားလှသည့် အလုပ်တာဝန်များအပြီး အရှင်က တစ်နေကုန်လွမ်းဆွတ်နေရပါသော ဧကရီရဲ့အဆောင်ကိုသွားရန် ပြင်ဆင်တော့သည်။ တစ်နေ့တာ ဖတ်ရှုရမည့် စာလွှာတွေကိုဖတ်ပြီးနောက် ကျန်သည့်စာလွှာများကို သိမ်းဆည်းစေကာ အရှင့်အလုပ်ဆောင်ကနေ ထွက်လာခဲ့သည်။

"အစ်ကိုတော် လုပ်ငန်းဆောင်တာတွေရော အဆင်ပြေပါရဲ့လား"

အလုပ်ဆောင်ကနေ ကြင်ယာတော်ဆူးရဲ့ နန်းဆောင်ကို သွားရာလမ်းတွင် မင်းသားဒယ်ဂျွန်ဆောင်းက အရှင့်ကို နှုတ်ဆက်သည်။ အရှင်က တင်းခနဲဖြစ်သွားသော မျက်နှာကို ချက်ချင်းဟန်ဆောင်ဖုံးကွယ်လိုက်ကာ ညီတော်အား အပြုံးဖြင့် တုန့်ပြန်လိုက်သည်။

"အဆင်ပြေပြေရှိနေပါတယ် ညီတော်"

"အကူအညီလိုတာများရှိရင် ကျွန်တော့်ကို အားကိုးလို့ရပါတယ် အရှင်
တိုင်းပြည်အရေးတွေ ရှုပ်ထွေးနေတဲ့ကြားက အရှင့်ဧကရီကလည်း ထိခိုက်ဒဏ်ရာရထားတော့ အရှင်စိတ်ပင်ပန်းနေမယ်ထင်တယ်
သို့ပေမဲ့ ပြဿနာတော့ မရှိပါဘူး သိပ်မကြာခင် မိဘုရားဖြစ်လာမဲ့ မင်းသမီး ဆူယောင်းက အရှင့်ကို စိတ်သာယာမှု ပေးစွမ်းနိုင်မှာပါ"

"ကိုယ်တော့ ဧကရီကလွဲလို့ ကိုယ်တော့်ကို စိတ်ချမ်းသာစေမဲ့သူ မရှိတော့ပါဘူး
ပြောနေရင်းက ကြင်ယာတော်ဆူးကို လွမ်းဆွတ်လာတာဖြစ်လို့ ကိုယ်တော် အဆောင်ကို ကြွတော့မယ်"

မင်းသားဒယ်ဂျွန်ဆောင်းက ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပြီးနောက် အရှင့်နောက်ကျောကိုကြည့်ပြီး ပြုံးလိုက်သည်။

THE EMPRESSWhere stories live. Discover now