👑 22

209 37 9
                                    

ချန်းနိုင်ငံနှင့် နီးစပ်ရာနိုင်ငံများကို ယခင်ကဲ့သို့ လက်အောက်ခံနိုင်ငံများအဖြစ်တစ်မျိုး မိတ်ဖက်နိုင်ငံအဖြစ်တစ်ဖုံ စည်းရုံးနိုင်ခဲ့သည့် အရှင်ပတ်ချန်းယောလ်၏ သတင်းက တိုင်းပြည်တစ်ဝိုက်မွှေးပျံ့လို့နေသည်။ တိုင်းသူပြည်သားများကလည်း စီးပွားရေးအခြေအနေ တိုးတက်လာသောကြောင့် စီးပွားကျဆင်းမှုဒဏ်ကို မခံရတော့ဘဲ အဆင်ပြေလာကြသည်။ အားလုံးရဲ့ပါးစပ်ဖျားမှာ အရှင်နဲ့ အရှင့်ဧကရီအကြောင်း ချီးကျူးစကားများ ဆိုလို့ မဆုံးတော့။

အနယ်နယ်အရပ်ရပ်က တင်ပြလာသည့် စာလွှာတွေမှာလည်း အရှင့်ဧကရီရဲ့ မေတ္တာကို ခံယူရရှိကြောင်း ရေးသားထားလေတော့ အရှင့်မျက်နှာမှာကို ကျေနပ်အားရမှုက အထင်းသား ပေါ်လွင်လို့နေသည်။

အရှင်က တိုင်းပြည်အရေးများကို စီမံပြီးနောက် အလုပ်ကိုစောစောနားကာ နန်းဆောင်ကနေ ထွက်လာခဲ့သည်။ အရှင့်နောက်ပါများက ဧကရီအဆောင်တော်ကို သွားမည်ဟု ထင်ကြသော်လည်း အရှင်သွားနေသည့်လမ်းက မိဖုရား ဆူယောင်း၏ အဆောင်ကိုဖြစ်နေသည်။ အရှင်ကြွမြန်းလာသောကြောင့် မိဖုရားအဆောင်မှ နန်းတွင်းသူများ အမှုထမ်းများက ကပျာကယာ အခစားဝင်ကြသည်။

"အရှင်မင်းမြတ် ကြွချီလို့လာပါတယ်"

အမှုထမ်းတွေရဲ့ အသိပေးသံကြောင့် နန်းဆောင်တံခါးဟာ ပွင့်ဟလာပြီ မိဖုရားဆူယောင်းက အရှင့်ကို ကြိုဆိုရန် အဆောင်မှထွက်လာသည်။
မိဖုရားဆူယောင်းဟာ မိန်းမလှတစ်ဦးဖြစ်ကြောင်း အရှင်ကိုယ်တိုင်လည်း လက်ခံမိပါသည်။ အလှအပ ပြင်ဆင်ခြယ်သလိုက်သည့်အခါ ရှိရင်းစွဲ အလှထက်ပင်ပို၍ စွဲမက်စရာကောင်းသေးသည်။ အဆင်တန်ဆာများစွာကိုဆင်ယင်ထားသည့် ဆံနွယ်များနှင့် နီနီရဲရဲနှုတ်ခမ်းပါးတို့က ပုရိသတို့ မလွန်ဆန်နိုင်စရာ ထောင်ခြောက်များပင်ဖြစ်သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးဆီပထမဦးဆုံးအကြိမ် ကြွချီလာတာပါလား"

"ကိုယ်တော် တိုင်းပြည်အရေးတွေ ရှုပ်ထွေးနေတာမို့ မိဖုရားဆီမလာဖြစ်တာ စိတ်မကွက်စေချင်ဘူး"

THE EMPRESSWhere stories live. Discover now