"မင်းသမီး ဆူယောင်းက တကယ်ကို လှပတာပါပဲလား"
မင်းသား ဒယ်ဂျွန်ဆောင်းရဲ့ ခပ်တိုးတိုးရေရွတ်သံကိုကြားသော မင်းသမီးက နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်သည်။ လက်ခနဲဖြစ်သွားသော ထိုမင်းသမီး၏ နားဆွဲလေးက လှုပ်လီလှုပ်လဲ့နှင့် ဆွဲမက်ဖွယ်ရာဖြစ်သည်။
ဖြူနှစ်သောအသားအရေပေါ် ပန်းသွေးရောင်ထနေသောပြင်ဆင်ခြယ်သမှုကမင်းသမီး၏ အလှကို ပိုမိုထင်ပေါ်စေသလို အမျိုးသားများကိုလည်း ပို၍ ဆွဲဆောင်နိုင်စွမ်းရှိနေသည်။"အစ်ကိုတော် သဘောကျလောက်မှာပါ"
"ဒါပေမဲ့ ကျွန်တော်မျိုးကြားဖူးတာတော့ မင်းသားချန်ယောလ်...စိုးရွံမိပါတယ်
အရှင်ချန်းယောလ်က အရှင့်ဧကရီမြတ်ကလွဲလို့ ဘယ်မိန်းကလေးကိုမှ စေ့စေ့မကြည့်ဖူးတဲ့သူဆိုတော့ ကျွန်တော်တို့အတွက် လွယ်ကူပါ့မလား မင်းသား""အဲ့ဒါကမှ ပိုပြီးလွယ်ကူတာမဟုတ်ဘူးလား
မတွေ့ကြုံဖူးတဲ့ အထိအတွေ့မျိုး မမြင်ဖူးတဲ့အလှအပမျိုးက ပိုပြီရစ်မူးဖို့ကောင်းလိမ့်မယ်""..."
"ချန်းနိုင်ငံက အစစအရာရာ တိုးတက်ကြီးမားနေတဲ့ နိုင်ငံပါ
ကိုယ်တော်တို့နိုင်ငံဆီ ဒီနိုင်ငံက မင်းသမီးကို မိဖုရားအဖြစ် ဆက်သလိုက်ရင် ကောင်းကျိုးတွေ အများကြီး
ကိုယ်တော်ပြောတဲ့အတိုင်း လိုက်လုပ်ဖို့ပဲလိုတာ မင်းတို့က ကိုယ်တော့်ဘက်မှာ နေပေးရုံပဲ"မင်းသာဒယ်ဂျွန်ဆောင်းရဲ့စကားကို နိုင်ငံငယ်လေးရဲ့ အုပ်ချုပ်သူ မင်းသမီးဆူယောင်းရဲ့ အစ်ကိုက လက်ခံရုံသာတတ်နိုင်သည်။
ချန်းနိုင်ငံရဲ့ ထိုးစစ်ဆင်မှုကြောင့် နိုင်ငံပျက်ပြားမသွားခင် ညီမတော်ကို ချန်းနိုင်ငံဆီ အပ်ပြီး ကိုယ့်နိုင်ငံကို ပြန်ထူထောင်ဖို့သာရှိသည်။ ထို့အပြင် မင်းသမီးဆူယောင်းကို နှစ်သက်မြတ်နိုးသူလည်း များပြားသည်ဖြစ်ရာ ချန်းနိုင်ငံဆီ ဆက်သလိုက်ခြင်းက စိတ်အချရဆုံးနှင့် အင်အားအဖြစ်ဆုံး ဆုံးဖြတ်ချက်ပင်ဖြစ်သည်။"နောက်တစ်ပတ်လောက်မှာ ကိုယ်တော်တို့နိုင်ငံကို လာခဲ့ပါ
ဂိတ်တံခါးကိုဖြတ်တဲ့အခါ ဒီလက်မှတ်ကို ပြလိုက်ပါ"