👑12

281 55 6
                                    

နန်းတော်ထဲတွင် တစ်နှစ်တစ်ကြိမ်ပုံမှန်ပြုလုပ်နေကျ မိုးခေါ်ပွဲ ပြုလုပ်သည့်နေ့ဖြစ်သည်။ ယခင်နှစ်များတွင်တော့ ရာသီဥတုက ကောင်းမွန်စွာ ပုံမှန်လည်ပတ်နေသောကြောင့် မိုးပူဇော်တာလောက်ပဲလုပ်ရန်လိုခဲ့သော်လည်း အရှင်ကျန်းမာရေးညံ့လာသည့်တစ်လျှောက် မိုးခေါင်လာသောကြောင့် မဖြစ်မနေ မိုးခေါ်ရတော့မည်။ ထိုမိုးခေါ်ပွဲကို မင်းသားတွေက ဦးဆောင်ကာ ပြုလုပ်ကြသည်။ အကြောင်းကတော့ တိုင်းပြည်ရတနာကို ဆောင်ယူခဲ့တာမှန်သည့် မင်းသားအလှည့်တွင် မိုးရွာသွန်းလိမ့်မည်ဟုအရှင်က မှတ်ယူထားသောကြောင့်ဖြစ်သည်။ ကြင်ယာတော်ရှိပြီးသား မင်းသားနှစ်ပါးက ကြင်ယာတော်များနှင့်ယှဉ်လျက် ထိုင်နေကြတာဖြစ်ပြီး ကျန် မင်းသားနှစ်ပါးကတော့ ဘေးအစွန်ဘက်မှာထိုင်နေကြသည်။

နက္ခတ်အရ တွက်ချက်ထားသည့်အချိန်ကျရောက်တာနှင့် မင်းသားဝမ်ယူက အရင် မိုးမြေ ပူဇော်ခြင်းကို စတင်သည်။ အချိန်တစ်ခုကြာလာသည်အထိ ဘာထူးခြားချက်မှ ရှိမလာသောကြောင့် နန်းတော်အပြင်ဘက်တွင် စောင့်စားနေကြသည့် တိုင်းသူပြည်သားများထံမှ တီးတိုးပြောသံများက ကျယ်လောင်လာပြီး အလယ်နန်းစံမိဘုရားကလည်း မျက်နှာပျက်စ ပြုလာသည်။ မင်းသားဝမ်ယူကတော့ အမူအရာမပျက်အောင်ထိန်းရင်း ဆုတောင်းမှုကို အဆုံးသတ်လိုက်ကာ မင်းသား ချန်းယောလ်ကို အလှည့်ပေးသည်။

မင်းသားချန်းယောလ် မိုးမြေပူဇော်ခြင်းအစတွင် ဘာမထူးခြားမှုမှ ရှိမလာသေးသော်လည်း အချိန်ခဏအကြာတွင် သစ်ရွက်ချင်းပွတ်တိုက်သံများကို စတင်ကြားလာရသည်။ထို့နောက် မိုးနံ့သင်းသည့် ခပ်အေးအေးလေများတိုက်လာကာ လေတိုက်သည့်နှုန်း ပိုပြင်းထန်လာသည်။ ဖြူလွင်နေသောကောင်းကင်တွင် တိမ်မဲအချို့ အုံ့ဆိုင်းလာပြီး မိုးရွာတော့မည့် အရိပ်အယောင်တွေမြင်လာရသည်။ မြောက်နန်းစံမိဘုရားက ကျေနပ်သည့်အပြုံးမျိုးနှင့် သားတော်ကို ကြည့်လို့နေပြီး ကြင်ယာတော်ဆူးကတော့ မိုးခေါ်ခြင်းအဆင်ပြေသွားစေရန် ထပ်ခါတလဲလဲ ဆုတောင်းနေမိသည်။ အချိန်ခဏအကြာမှာ တိုက်ခတ်နေသော လေများကလည်း ငြိမ်သက်သွားပြီး မဲမှောင်နေသောကောင်းကင်ကလည်း ရုတ်ချည်းပြန်လည် ကြည်လင်သွားသည်။

THE EMPRESSWhere stories live. Discover now