ချန်းနိုင်ငံ၏ နန်းတွင်းတွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများ
(၁) မိဖုရား ဆူယောင်းကို မိဖုရားအရိုက်အရာမှ ဖယ်ရှားခြင်း
နန်းတွင်းတစ်ခုလုံးနှင့် ချန်းနိုင်ငံတစ်ခုလုံး ထင်မှတ်မထားသည့် အကြီးဆုံးအပြောင်းအလဲက မိဖုရားဆူယောင်းကို မိဖုရားအရိုက်အရာမှ ဖယ်ရှားကြောင်း အမိန့်ထုတ်ပြန်မှုဖြစ်သည်။ အရှင့်ဧကရီ မရှိသည့်နောက်ပိုင်း ပထမဆုံးပြုလုပ်သည့် ညီလာခံအပြီး မိဖုရားဆူယောင်းကို စံမြန်းရာအဆောင်အတွင်းဝင်ရောက်ဖမ်းဆီးသည့် သတင်းမှာ ကောလဟာလကဲ့သို့သာ ပျံ့နှံ့ခဲ့သော်လည်း မိဖုရားအရိုက်အရာမှ ဖယ်ရှားခြင်းကိုတော့ အရှင် ပတ်ချန်းယောလ်က တိုင်းသိပြည်သိ ကြေငြာစာထုတ်ခဲ့သည်။ထိုသို့ဖယ်ရှားရခြင်းအကြောင်းရင်းကား
မိဖုရား ဆူယောင်းသည် အရှင့်အပေါ် သစ္စာဖောက်ပြားမှုနှင့် လိမ်လည်မှုကြောင့်ဖြစ်သည်။နန်းရင်ပြင်မှာပြုလုပ်သည့် မိဖုရားမြှောက်ပွဲအပြီး၌ မိဖုရားဆူယောင်းသည် ခရီးပန်းနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စောစီးစွာ နန်းဆောင်သို့ ပြန်ကြွသွားသည်။ အမှန်တကယ်တော့ ခရီးပန်းသောကြောင့် အနားယူခြင်းမဟုတ်ဘဲ မိဖုရား၏ အစ်ကိုယောင်ဆောင်ထားသူ သူစိမ်းအမျိုးသားနှင့် အတူရှိနေခဲ့ခြင်းဖြစ်သည်။ လူသူဝေးရာ နန်းဆောင်တစ်ခုတွင် အတူတူအချိန်ကုန်ဆုံးခဲ့ကြသော်လည်း ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့သူများရှိခဲ့ကြသည်။ ထိုသူများက အရှင့်ဧကရီနှင့် မျက်စိကွယ်နေသည်ဟု အားလုံး သိထားကြသည့် အိမ်ရှေ့စံဖြစ်သည်။
အရှင့်ဧကရီက ပွဲတော်ထဲနေရတာ ငြီးငွေ့လာမှုကြောင့် အငြောင်းအညာပြေလမ်းလျှောက်ရန် လူရှင်းရာ အဆောင်များဆီသို့ထွက်ခဲ့ပြီး
နန်းဆောင်တစ်ခုထဲတွင် မိဖုရားဆူယောင်းနှင့် ထိုအမျိုးသားကိုတွေ့ခဲ့သော်လည်း အရှင့်အတွက်စဉ်းစားကာ မမြင်ဟန်ဆောင်နေခဲ့သည်။ သို့သော် အမြင်အာရုံတစ်စွန်းတစ်စ ပြန်ရနေပြီဖြစ်တဲ့ အိမ်ရှေ့စံကတော့ သူပိုင်နယ်မြေအတွင်း ချန်းနိုင်ငံ၏ အရှင်မြတ်အပေါ် ဖောက်လွဲဖောက်ပြန် နေထိုင်နေကြသော မိဖုရားဆူယောင်းနှင့် အစ်ကိုအယောင်ဆောင်သူတို့အား ကြီးလေးသည့် အပြစ်ပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။