ချန်းနိုင်ငံတစ်ခုလုံးရှိ တိုင်းသူပြည်သားများသာမက နန်းတွင်းအမှူထမ်းများကပါ ကိစ္စတစ်ခုတည်းကိုပဲ စိတ်ဝင်တစားပြောဆိုနေကြသည်။ ထိုအကြောင်းကား အရှင့်ဧကရီက အမျိုးသားတစ်ယောက်ဖြစ်နေသည့် အကြောင်းပင်ဖြစ်သည်။ ထိုအခါမှ အရှင့်ဧကရီက အလှအပ မဆင်ယင်သည့် အကြောင်းရင်းနှင့် ဓားရေးကိုပြင်းပြင်းထန်ထန် လေ့ကျင့်သည့် အကြောင်းရင်းတို့ကို သိရှိသွားကြရသည်။
အရှင့်အမိန့်ဖြင့် အရှင့်ဧကရီ၏ အဆောင်တွင် အမှုထမ်းများ လျော့ချထားပြီး အရှင့်အနားမှာရှိတတ်သည့် လူယုံများဖြင့် အစားထိုးထားသည်။ အရှင့်ဧကရီ အဆောင်ကို အရှင်တစ်ပါးတည်းကလွဲလို့ အခြားသူပေးမဝင်ရန်လည်း အမိန့်ထုတ်ထားသည်။အနီးကပ်တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအပါအဝင် မင်းသားဝမ်ယူနှင့် မိဖုရားတို့အထိ ယခုကိစ္စကို အရှင်မည်ကဲ့သို့ကိုင်တွယ်မည်ကို သိလိုစိတ်ပြင်းပြနေကြသည်။
"အရှင်မင်းမြတ် ကြွချီလာပါတယ်"
အရှင်ကတော့ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေပြီးတာနဲ့ အရှင့်ဧကရီအဆောင်ကို ရောက်လာမြဲဖြစ်သည်။ အရှင်ပတ်ချန်းယောလ် အဆောင်ထဲကိုရောက်တော့ မြတ်နိုးရသည့် ဧကရီက နန်းဆောင်တွင်းမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတာတွေ့ရသည်။ အရှင့်ဧကရီ၏ တည်ငြိမ်နိုင်မှုက အရှင့်ကို စိတ်အေးစေသလို တစ်ဖက်တွင်လည်း သူ့အပေါ် နည်းနည်းလေးမှပင် တွယ်ငြိခြင်းမရှိလေသလားဟု တွေးကာ ပူပင်ရပြန်သည်။
"အရှင်...ဘယ်တုန်းကရောက်နေခဲ့တာလဲ"
အတော်ကြာမှ အရှင်ရောက်နေတာကို သတိထားမိသွားတဲ့ ဧကရီက ထိုင်နေရာမှ ထ ရပ်ကာ အရိုအသေပေးရင်း မေးသည်။
"မကြာသေးပါဘူး ဧကရီလေးက စာကိုစိတ်ဝင်တစားဖတ်နေတာနဲ့ ကိုယ်တော် မနှောက်ယှက်ချင်လို့"
"ဒီနေ့အတွက်ရော လုပ်ငန်းဆောင်တာတွေ အဆင်ပြေခဲ့ရဲ့လားအရှင်
ကျွန်တော့်အတွက်ရော အရှင်ဘယ်လိုဆုံးဖြတ်ချက်ချမှာလဲ""ကိုယ်တော့်ဆီ လာပါဦး"
ကုတင်ပေါ်မှာထိုင်နေသည့် အရှင့်အနား ဧကရီလေးရောက်သွားတော့ အရှင်က ဧကရီ့လက်တွေကို ဆွဲယူလို့ သူ့ပေါင်ပေါ်မှာ နေရာယူစေသည်။