Chapter 19

287 72 2
                                    

အခန်း(၁၉) ကျိကျန်းယွင် ပြန်ရောက်ပြီ


အချိန်က ရှေ့ကိုဆက်လက်ရွေ့လျားနေပြီး နှစ်ကုန်ခါနီးနေပြီဖြစ်သည်။

ဒီနေ့ ရွာကဝက်တွေကို သတ်ဧ။်။ စူးတန်းဟုန်သည် ဝက်များသတ်သည်ကို မမြင်ဖူးသောကြောင့် မြင်ဖူးရန် အဒေါ် ယန်နောက် လိုက်သွားခဲ့သည်။

သူမကြောက်လန့်မိလောက်မည်ဟု ထင်ခဲ့သော်လည်း အလွန်အမင်းတွေးမိနေခြင်းသာဖြစ်ကြောင်း သိသွားရ၏။

သူမဧ။်လိုက်လျောညီထွေရှိမှုက အလွန်ကောင်းမွန်သောကြောင့် မြင်လိုက်ရသည့်အချိန် ဘာမှမခံစားရချေ။ ယင်းအစား ဝက်တစ်ကောင် ၀ယ်ပြန်ရမလား သို့ဟုတ် တဝက်လောက် ၀ယ်ပြန်ရမလားဆိုသည့် အတွေးတွေသာ ပြည့်နေခဲ့သည်။

အဆုံးတွင်တော့ တဝက်၀ယ်ပြန်ရန်သာ ဆုံးဖြတ်လိုက်၏။

ယခုတခေါက်တွင် ရွာမှ ဝက်စုစုပေါင်းခြောက်ကောင်ကို သတ်ခဲ့သည်။ စူးတန်းဟုန်က ၀က်ကောင်လုံးတဝက်ကို ၀ယ်ယူခဲ့ပြီး ဒါက ရွာထဲမှ လူတော်တော်များများကို မနာလိုဖြစ်သွားစေ၏။

အမေကျိက ဝက်ခေါင်း၊ အစာအိမ်နှင့် အူအစိတ်အပိုင်းနှစ်ခုကို လိုချင်နေမှန်း သူမသိသည်။ ဤအရာအားလုံးသည် ၀ယ်လိုအားများသော်လည်း စူးတန်းဟုန် ဝက်ကောင်လုံးတ၀က် ၀ယ်သည်ကို ထည့်သွင်းစဉ်းစား၍ ခွဲဝေရေးခေါင်းဆောင်က သူမအား ပေးလိုက်သည်။

ဖုန်ဖန်းဖန်းနှင့် ကျိမုတန်းတို့ယောင်းမနှစ်ယောက်က ဒါကိုမြင်လိုက်သည့်အခါ သူတို့ မျက်လုံးတွေ တဖျတ်ဖျတ်လက်သွားပြီး ထိုနေရာသို့ ချက်ချင်း အတူတူသွားလိုက်ကြသည်။

"တန်းဟုန်၊ နင် အများကြီးဝယ်တယ်ဆိုတော့ နှစ်သစ်ကူးအတွက် ဒါအကုန် စားမကုန်နိုင်ဘူးလေ ဘာလို့ ငါတို့ ကျင်း နည်းနည်းမပေးတာလဲ တာ့ဝါးဇီက ဒီတလော အသားကို တောင့်တနေတာ" ဖုန်ဖန်းဖန်းက တောင်းဆိုလိုက်သည်။

"ဟုတ်တယ် တန်းဟုန်၊ ငါတို့ကို ကျင်းနည်းနည်းပေးပါ နင်နဲ့ကျန်းယွင်က ဒီလောက်အများကြီး စားမကုန်ဘူးလေ" ကျိမုတန်က ပဲ့တင်ထပ်လိုက်ပြော၏။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now