Chapter 16

348 63 0
                                    

အခန်း(၁၆) သံသယ၀င်နေသည့် ကျိယွင်ယွင်

"ရှေးစကားတွေပြောတဲ့အတိုင်း 'မြစ်က အရှေ့ကို အနှစ်သုံးဆယ်၊ အနောက်ကို အနှစ်သုံးဆယ် စီးဆင်းတယ်' တဲ့ သူမကို မထီမဲ့မြင်မပြောနဲ့" အမေကျိ ဒေါသမထွက်တော့ဘဲ သူမသမီးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ကျိယွင်ယွင် ဖိပြောလိုက်သည်။"အမေ၊ ထူးဆန်းတယ်လို့ မထင်ဘူးလား၊ ဒီလိုမျိုးမတူတဲ့လူတစ်ယောက်လို ဖြစ်လာဖို့ သူမ အချိန်ဘယ်လောက်ယူခဲ့ရလဲ သူမရဲ့အစိတ်အပိုင်းတိုင်းက သံသယဖြစ်စရာကောင်းတယ်"

အမေကျိ အံ့သြသွားသည်။

အဖေကျိက သူ့ဆေးတံကိုရိုက်ပြီး "အသားသာသွားစားစမ်းပါ" ဟု ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

သူမအဖေပါ ထိုသို့ပြောလာသည့်အခါ ကျိယွင်ယွင် ရွေးချယ်စရာမရှိတော့ဘဲ မီးဖိုချောင်ထဲသို့ ပြန်သွားလိုက်ရသည်။ အသားကို ထိုမိန်းမက ယူလာခဲ့ခြင်းဖြစ်သောကြောင့် သူမ ဘာမှစားမည်မဟုတ်ချေ။

၎င်းကို မွှေးပျံ့လာသည်အထိ ပြုတ်ထားသည်။ စတုတ္တယောင်းမနေရာတွင် သူမရှိနေစဉ်တုန်းကပင် ဤကဲ့သို့မစားနိုင်ခဲ့ချေ။

"ကလေးက ပိုကောင်းလာတာကို မင်းမပျော်ဘူးလား အဲ့ဒီမိုက်မဲတဲ့ကောင်မလေး အဓိပ္ပာယ်မရှိပြောတာတွေကို နားထောင်နေတာ ရပ်လိုက်စမ်းပါ" အဖေကျိက ဘေးဘက်ရှိအမေကျိကို ပြောလိုက်သည်။

အမေကျိက "ကျွန်မလည်း ဘာမှမပြောမိပါဘူး" သို့သော် ထိုကောင်မလေး ကျိယွင်ယွင်ပြောသည့်စကားကြောင့် သူမ အနည်းငယ် စိတ်ရှုပ်သွားရသည်ကတော့ အမှန်ပါပင်။

အဖေကျိက "မင်းမှာ ဘာမှလုပ်စရာမရှိရင် ဟိုကို တချက်သွားကြည့်လိုက် လောင်စန်းရဲ့ဇနီးက မင်းရဲ့ဂေါ်ဖီချဉ်ကိုကြိုက်တယ်"

အမေကျိ ရယ်ကျဲကျဲလုပ်ပြီး လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်ချဉ်များနှင့်အတူ လောင်စန်းအိမ်သို့ သွားလိုက်၏။

စူးတန်းဟုန်က သူမကိုကြိုရန် အပြင်ထွက်လာသည် ။ အမေကျိကို အိမ်ထဲ၀င်ရန် ကူညီပေးလိုက်ပြီး "အခုက အေးသထက်ပိုအေးလာပြီ အမေ၊ အမေနဲ့အဖေတို့ ထင်းအလုံအလောက်ရှိလား မလုံလောက်ရင် ကျွန်မမှာ အများကြီးကျန်သေးတယ် အမေအရင်သုံးထားလို့ရတယ် နောက်ဆုံးတခေါက် ကျန်းယွင်ပြန်လာတုန်းက အများကြီးခုတ်ထားပေးခဲ့တာ ကျွန်မတစ်ယောက်တည်း ထင်းတွေအများကြီး မသုံးနိုင်ဘူး”

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now