အခန်း(၁၇) သားဖွားမီးယပ်ဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်ရှိခြင်း
စူးတန်းဟုန် အိမ်ပြန်ရောက်သောအခါ သူမ အမဲသားနှင့် သိုးသားကို ခွဲထုတ်ပြီး ကျိမိသားစုအိမ်သို့ အများအပြား ယူသွားပေးလိုက်သည်။ သူမ ကျန်တာကိုတော့ အေးခဲထား၏။
မည်သို့ပင်ဖြစ်စေ သူမကိုယ်တိုင်က အသားစားရတာကို သိပ်မကြိုက်ဘူးဟု ပြောဖူးသည်။ သူမသည် ပုံမှန်အားဖြင့် စွပ်ပြုတ်သာပြုတ်လေ့ရှိပြီး အသားနှင့်အရိုးအားလုံးကို ခွေးနက်ကလေးအား ပေးကျွေးတတ်၏။
၎င်းက ခွေးနက်ကလေး၏အမွေးများ တောက်ပြောင်ပြီး ချောမွတ်လာသည်အထိပင် ။ သူက နွားပေါက်လေးတစ်ကောင်ကဲ့သို့ အလွန်ကြမ်းတမ်းသည်။
ခွေးသည် စိတ်ဝိညာဉ်စမ်းရေကို အများအပြားသောက်ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက အလွန်လိမ္မာပါးနပ်ပြီး အခြားသောကျေးလက်ခွေးများနှင့် နှိုင်းယှဉ်၍မရပေ။ အထူးသဖြင့် ညဘက်တွင်ဖြစ်ဧ။်။ စူးတန်းဟုန်က သူ့ကို မချည်နှောင်ထားသောကြောင့် ခြံ၀င်းဧ။်ထောင့်တိုင်းကို သူ လှည့်ပတ်ကြည့်ပေလိမ့်မည်။ မသင်္ကာစရာကောင်းသည့် တစ်ယောက်ယောက်ကိုတွေ့သည့်အခါ သူသည် မြက်အနည်းငယ်ပေါ်ရပ်၍ အံသွားများပေါ်သည်ထိ ပြင်းပြင်းထန်ထန်သတိပေးသည့်ဟောင်သံကို ပေးပေလိမ့်မည်။
၎င်းက စူးတန်းဟုန်ကို ညတိုင်း ကောင်းကောင်း အိပ်ပျော်စေ၏။
စူးတန်းဟုန် ခွေးနက်ကလေးကို အမေကျိဆီ ခေါ်သွားသည့်အခါ အမေကျိက "ဘယ်သူက သူတို့ခွေးတွေကို ဒီလိုမျိုးဆက်ဆံလို့လဲ သူက လူတစ်ယောက်ထက်တောင် ကောင်းကောင်းဆက်ဆံခံရသေးတယ်"
ခွေးမပြောနဲ့၊ ရွာထဲကဘယ်သူတွေက နေ့တိုင်း အသားစားနိုင်လို့လဲ။
ဒီခွေးလေးရှောင်ဟေးက ကောင်းကောင်းနေထိုင်ရသည်။ သူ့တွင် အသားမရှိပါက ငါးရှိသည်။ ကောင်းကောင်းစားရ၍ သူ့အမွေးတွေက တောက်ပြောင်လွန်းလှဧ။်။ သူ၏အနက်ရောင် မျက်လုံးများသည် ကြည်လင်ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သော လည်ချောင်းသံရှိသည်။ ချွန်ထက်ကြမ်းတမ်းသော လက်သည်းများလည်းရှိ၏။ သူနှင့်အရွယ်တူ ခွေးကလေးများအား သူမသွားကြည့်သည့်အခါ သူက အရည်အသွေးပိုမြင့်ပုံပေါ်သည်။
YOU ARE READING
ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်း
RomanceStatus in COO - 681 chapters + 20 extras Type - Webnovel(CN) Genre - Fantasy, romance, slice of life, Farming , rebirth