Part 3🍓

2K 48 0
                                    

ညွှန်းဖွဲ့ရာ တစ်ညလုံးငိုပြီး မနက်ကျတော့ ၁၀နာရီမှနိုးသည်။

မျက်နှာသစ်ပြီး ကိုယ့်ဘာသာ ခပ်တန်းတန်းနေသည်။

" စားပွဲပေါ်မှာ မုန့်ဟင်းခါးရှိတယ် စားလိုက် "

ရာရာ စားလိုက်ပါသည်။

ခဏနေတော့ စျေးစာရင်းရေးပေးပြီးရာရာ့ကိုစျေးဝယ်ခိုင်းသည်။

ရာရာလည်းစက်ဘီးမယူတော့ဘဲ လမ်းလျှောက်ပြီးတစ်ယောက်ထဲသွားလိုက်သည်။

စျေးကွဲနေတဲ့အချိန်မို့ စျေးချိုပေမယ့် နေကပူနေတာကြောင့် ချွေးတွေပြန်ရသည်။

ရာရာအားလုံးဝယ်ပြီးတော့ စျေးလမ်းလေးအတိုင်းပြန်ထွက်လာခဲ့သည်။

ကားတစ်စီးက ရာရာ့ဘေးနားမှာလာရပ်သည်။

ရာရာလည်းကိုယ့်လမ်းကိုယ်လျှောက်ပြီး ထိုကားကိုအာရုံမစိုက်မိ။

" ချာတိတ် "

ကားထဲကသူရဲ့အသံကို ရာရာရင်းနှီးနေပြီး လှည့်ကြည့်လိုက်တော့

" ချာတိတ် စျေးကပြန်လာတာလား ကိုယ့်ကားနဲ့လိုက်ခဲ့လေ ကိုယ်လည်းအိမ်ပြန်မလို့ "

လာပြန်ပြီ အိမ်ဘေးက ထိုလူကြီး။

" ရတယ် လမ်းလျှောက်ပြီးပဲသွားတော့မယ် "

" မဟုတ်တာ လမ်းကြုံနေတာကို "

" ရပါတယ်ဆို"

" လာပါ "

သူက ကားရပ်လိုက်ပြီး ရာရာ့ခြင်းတောင်းကိုပါ ယူသည်။

" ဟာ ရပါတယ်ဆို "

" လာပါကွာကိုယ်မင်းကို ဘာမှမလုပ်ပါဘူး"

ရာရာလည်းနေပူနေတာမို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကားပေါ်တက်လိုက်သည်။

" အိမ်ကိုမမောင်းပါနဲ့အုံးနော်"

" ဘာလို့လဲ ချာတိတ် "

" အမေတို့တွေ့ရင်ဆူမှာ "

" ဒါဆိုလည်း ကိုယ်တို့စကားခဏပြောကြမယ် "

လွန်ခဲ့သော 15 နာရီသို့ ~~~

မင်းသွေးဆက်ပိုင် ဒီအဖြစ်ပျက်တွေအားလုံးကိုမြင်ပြီး စိတ်ထဲမှာ အလွန်သနားမိသည်။

❀ɓεℓσѵε∂❀Where stories live. Discover now