( သာသာ့ရဲ့ Fic လေးကိုအားပေးဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်
ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား စိတ်ညစ်စရာတွေရှိရင်တောင် ဒါဒါလေးတွေရှိတာပဲဆိုပြီး ဖြေသိမ့်ခဲ့ရတာပါနော်
ဒီထက် မကလဲ ဖတ်ရှုပေးပါဦးလို့😘
part 9 လေးကတော့ မှောင်ပေးပါ ဆိုတဲ့ ဒါဒါတွေတွက် တတ်နိုင်သမျှတော့မှောင်ပေးထားပါတယ်နော်🤭
ကဲဖတ်လိုက်ကြပါဦးရှင့် )ရာရာဆေးအရှိန်ကြောင့် ဒီနေ့မနက်တော့ 8နာရီကျော်မှနိုးသည်။
ရေမထိအောင် လက်ကိုမြှောက်ပြီးရေချိုး မျက်နှာသစ်ရသည်။
အဝတ်စားလဲဖို့တော့ရာရာအခက်တွေ့ပါသည်။
ဒါပေမယ့်လဲ ကိုယ့်ဘာသာတစ်ယောက်ထဲ ကြိတ်မှိတ်ပြီးလဲလိုက်သည်။
" ဟော နိုးလာပြီလား သမီး "
" ဟုတ်အန်တီမြ "
" လာလာ ထမင်းကြော်ရှိတယ် စားပွဲမှာစောင့်နေနော် အန်တီယူလာခဲ့မယ် "
" ရပါတယ် အန်တီရဲ့ ရာရာ့ဘာသာလုပ်လိုက်ပါ့မယ် "
" လက်ကဒဏ်ရာနဲ့လေ မင်းဘာသာလုပ်လို့ရမလား ဒေါ်ညွှန်းဖွဲ့ရာ"
" ကိုကြီးက အလုပ်မသွားသေးဘူးလား "
" ဒီနေ့လဲ ခွင့်ယူထားတယ်လေ "
" အော်ဟုတ် "
" အန်တီထမင်းကြော်သွားယူလိုက်အုံးမယ်နော် "
" ဟုတ်ကဲ့ကြီးကြီး ကျွန်တော်သူ့ကိုစားပွဲမှာစောင့်နေခိုင်းလိုက်မယ် "
ရာရာ နဲ့ သူနဲ့ စားပွဲမှာနှစ်ယောက်ထိုင်စောင့်နေသည်။
မနေ့က နှစ်ယောက်လုံးအချိန်ကြာကြာ နမ်းခဲ့ကြတာမို့ ရှက်သွေးဖြာနေသည်။
" ကိုကြီးရော စားပြီးပြီလား "
" အင်း မနက်က လေ့ကျင့်ခန်းလုပ်ပြီးပြန်လာတော့တစ်ခါထဲစားလိုက်တယ် "
" အော် ဟုတ် "
" လက်ကသက်သာ ဟာ!!!! ဘယ်လိုဖြစ်လို့လဲ "
" ဟင်ဘာဖြစ်လို့လဲ "
" ပတ်တီးမှာသွေးတွေနဲ့ ဘာနဲ့ထိခိုက်သွားလို့လဲ "