( ကဲ ရှည်ရှည်လေး Update ပေးထားတယ်နော် cm လေးနဲ့ vote လေးတွေပေးပေးဖို့ မျှော်လင့်ပါတယ်🥺
သာသာ နောက်တစ်ပိုင်းတွက် အားဆေးလေးလိုချင်လို့ပါနော် )တစ်ပတ်ခန့်ကြာသော်။
" ဖေဖေ မသွားသေးဘူးလား "
" သားတို့မေမေမှ ဆင်းမလာသေးတာကွာ "
" မေမေကလည်းအကြာကြီးပဲ မီးမီးကသွားချင်နေပြီ "
" အေးပါကွာ ခဏလေးပဲစောင့် မေမေလာတော့မှာ "
မင်းသွေးဆက်ပိုင် အမြွှာလေးနှစ်ယောက်ကို ကားထဲမှာစောင့်ခိုင်းပြီး
ဇနီးဖြစ်သူစီသွားဖို့လုပ်ရတော့သည်။" ကိုမင်းသွေး ရှင်ဘာလို့ကားထဲကထွက်လာတာလဲ ကလေးနှစ်ယောက်ထဲထားခဲ့ပြီး "
" မင်းမလာသေးလို့တဲ့ ကလေးတွေကသွားချင်နေပြီ "
" အို ဘာဖြစ်လို့လဲ ကျွန်မလာမှာပေါ့ "
"ကြာနေလို့လေ "
"မကြာပါဘူး"
" ကြာပါတယ် ဘာလဲ မင်းကအလှတွေအရမ်းပြင်ပြီး "
" မပြင်ပါဘူး နည်းနည်းပါးပါးပါ "
" ယောကျာ်းလဲရနေပြီး ကလေးနှစ်ယောက်တောင်ရနေပြီကို မပြင်ပါနဲ့ကွာ "
" အော် ယောကျာ်းရတာနဲ့မလှရတော့ဘူးလား "
နှုတ်ခမ်းစူစူ နဲ့ရန်ပြန်တွေ့နေတဲ့ ညွှန်းဖွဲ့ရာ
" ပြင်စရာမလိုအောင်လှနေပါပြီကွာ "
" ဟွန့်အပို "
" မပိုပါဘူး ဆွဲနမ်းလိုက်ရမလား "
" တော်တော့နော်ရှင် ညကလဲ တော်ပြီတော်ပြီမပြောတော့ဘူးသွားမယ် ကလေးတွေစောင့်နေပြီ "
ကလေးနှစ်ယောက်မွေးပြီးတာတောင် ရှက်သွေးဖြာနေသောဇနီးလေးကို မင်းသွေးကြည့်ရင်းပြုံးနေမိသည်။
ထိုစဥ္
" ညွှန်းဖွဲ့ရာ သမီးရေ "
" ရှင် ရှင် "
ရာရာတစ်ယောက် အိပ်ရာထဲက အမြန်ကုန်းထပြီး တံခါးဖွင့်ပေးလိုက်သည်။
" နေမကောင်းဘူးလား ညွှန်းဖွဲ့ရာ အန်တီခေါ်နေတာကြာပြီ "
" အဲ့တာဟို ကောင်းပါတယ် အန်တီ "