" ရာရာ ထအုံး ထအုံး ဒီမှာ တိုင်းပြည်ဇောက်ထိုးဖြစ်နေပြီဟဲ့ "
ရာရာတစ်ယောက် နွေခေါင်ခေါင်မှာထူးထူးဆန်းဆန်း မိုးလေးအုံ့နေလို့အိပ်မယ်ဆိုတဲ့စိတ်ကူးနဲ့မှေးနေတုန်းရှိသေး သူငယ်ချင်းဖြစ်သူ ကြောင့် မနောပျက်ရလေသည်။
" ဘာလဲ ဟန်ကြီးရာ ငါအိပ်နေတယ်လေ"
" နင်တို့ဘေးအိမ်ကလေ အသစ်ပြောင်းလာတာလား "
" အဲ့တာငါကဘယ်လိုသိမှာလဲ"
"အေးပါအေးပါ ငါ့သူငယ်ချင်းလေးအိပ်နေတာလား "
"မဟုတ်ဘူးထမင်းစားနေတာ"
"ဟီး နင်ကလဲ ငါလေနင့်ကို အိမ်ခဏခေါ်သွားမလို့ မုန့်တီချက်တယ်ဒီနေ့"
" ဟွန်း ပြီးတာဘဲ သွားမယ် "
ရာရာ သူငယ်ချင်း ဟန်ကြည်ဖြူနဲ့အတူ အရှေ့ကိုထွက်လာသည်။
တိုက်အိမ်နှစ်အိမ်ကြားက ရာရာတို့ရဲ့ပျဥ္ထောင်အိမ်လေးဖြစ်သည်။
" အမေ ကြည်ဖြူတို့အိမ် ခဏလိုက်သွားအုံးမယ် "
" ငါလည်းလိုက် မယ် မမ "
" နင်ကဘာလိုက်လုပ်မှာလဲ "
" ခေါ်လိုက်ပါ ရာရာရဲ့"
" ဘယ်သွားသွားလိုက်နေတော့တာပဲ တကယ်စိတ်ပျက်စရာ"
" ကလေးကိုဘယ်လိုပြောသွားတာလဲ ညွှန်းဖွဲ့ရာ"
" အမေကြားတဲ့အတိုင်းပဲ "
" မိုက်ရိုင်းနေတာဒီကောင်မလေး "
ရာရာလည်း အရွဲ့တိုက်ပြီး အရှေ့ကနေ ထွက်လာလိုက်တယ်
ဟန်ကြည်ဖြူကတော့ ရာရာ့မောင်လေး ဘုန်းပြည့်စုံရဲ့ လက်ကိုဆွဲကာ ရာရာ့နောက်ကိုလိုက်ပါတော့တယ်
" ဟုတ်တယ်နော် ဒီမောင်လေးတစ်ယောက်ထဲရှိတာကို မမက မခေါ်ဘူးနော်"
" ဟန်ကြည်ဖြူနင်မြှောက်မပေးနဲ့ သူ့အကြောင်းသိရဲ့သားနဲ့"
" အေးပါဟယ် စတာပါ မောင်လေးကလဲ မမကိုတစ်ခါတလေ တစ်ယောက်ထဲသွားခွင့်ပေးလိုက်နော် "
" နိုးးပါဗျာ "
" ဘာ နိုးပါလဲ ငါထုသတ်ရင်တော့နင်သေတော့မယ် "