(အကြာကြီးစောင့်ခိုင်းလိုက်မိလို့တောင်းပန်ပါတယ်ရှင့်)
"စာမေးပွဲဆိုတာ နတ်ကြီးတယ်ညွှန်းဖွဲ့ရာရဲ့ နင်ကျန်းမာရေးကိုဂရုစိုက်သင့်တယ်"
"ဟုတ်ကဲ့ပါ အမေရယ် ပျောက်မှာပါ အမေသာ ဆူနေရင် ရောဂါက တစ်ဝက်လောက်ပိုတိုးလာတယ်"
" အေးအပြောမခံချင်ရင် မဖြစ်အောင်နေလေ"
"ငိုလိုက်မှာနော် ထပ်ဆူရင်"
ရာရာနဲ့ သူ့အမေရဲ့ စစ်ပွဲကို အန်တီဇင်နဲ့ဘုန်းပြည့်စုံက ထိုင်ကြည့်ပြီးရယ်နေကြသည်။
"သမီးရေ ရာရာ"
" ဟော အစ်မပါလား"
"ညီမရေ ရာရာလေးရှိလား"
" ဟုတ်အစ်မရှိတယ်လာ အိမ်ထဲဝင်ပါအုံး"
အန်တီဇင်က အန်တီမြကိုအိမ်ထဲကိုခေါ်လိုက်သည်။
ရာရာလဲအိပ်ရာထဲကနေ ထွက်လာလိုက်သည်။
" သမီးနေမကောင်းဘူးလား အနွေးထည်ကြီးနဲ့"
"ဟုတ်တယ်အန်တီမြရေ"
"ဟောကွယ် ဒီမှာ သမီးမနေ့ကကြော်ပေးသွားတဲ့ ချဉ္ပေါင်ကြော် အိမ်ကိုမထည့်ပေးလိုက်ရလို့ အန်တီကလာပေးတာ"
"သမီးစားလို့ရတော့ဘူး"
"အေးနော် သမီးမေမေတို့ကိုပဲကျွေးလိုက်တော့နော်"
"ဟွန့်"
" ရာရာက အိမ်မှာသာ မီးဖိုချောင်မဝင်တာ အစ်မတို့စီမှာကျ ဟင်းတောင်လာချက်ပေးတယ်နော်"
" သမီးလေးကလိမ္မာပါတယ် မဇင်ရေ ကျွန်မတောင်မွေးစားချင်နေတာ"
"ခေါ်သာသွားအစ်မရေ"
ရာရာ့အမေက ဝင်နောက်လိုက်သည်။
ရာရာလည်း မလန်းမဆန်းဖြစ်နေတာမို့ မျက်နှာသစ်ပြီး ဘုန်းပြည့်စုံကို ခေါ်ကာ စက်ဘီးထွက်စီးသည်။
" ဈေးဘက်ကိုမောင်း ရာရာ ငါရေခဲချောင်းစားချင်လို့"
"ဟဲ့စောစောစီးစီးကို"
" ဘာဖြစ်လဲစားချင်လို့ပါဆို"
" အေးနော် ငါအဆူခံရရင် နင့်ကိုလုပ်မှာ"