Part 2🍓

2.5K 66 0
                                    

" ရာရာ ထတော့ "

" ဘာလဲ "

" အမေက စျေးသွားမလို့တဲ့ "

" အဲ့တော့ "

" နင်ပါလိုက်ခဲ့ "

" နင်နဲ့ အမေပဲသွားလိုက်လေဟာငါအိပ်ချင်သေးတယ် "

" မရဘူး နင်လိုက်ခဲ့ "

" ဟူးးးး "

ရာရာ ထရပြန်ပါသည်။

မျက်နှာသစ်သွားတိုက်ပြီး အမေရယ် ဘုန်းပြည့်စုံရယ် ရာရာရယ် အတူတူ စျေးသွားကြသည်။

နေကပူ အိုက်ကအိုက် ရာရာစိတ်ညစ်ရပြန်သည်။

ဟင်းသီးဟင်းရွက်ဆိုင်မှာ အမေဝယ်နေတုန်းဘေးဆိုင်ကိုလှမ်းကြည့်မိတော့

အိမ်ဘေးက ထိုလူ။

သစ်သီးတွေဝယ်နေတာကိုတွေ့သည်။

ပန်းသီးရွေးနေတဲ့လက်လေးတွေက အကြောလေးတွေနဲ့

ရာရာ ငေးကြည့်နေမိသည်။

" ဘာတွေကြည့်နေတာလဲ "

" အမ် ဘာမှမဟုတ်ပါဘူးအမေ "

သူကတော့ရာရာ့ကိုတွေ့မည်မထင်ပါ။

" ဟယ် ညွှန်းဖွဲ့ရာ "

" အော် ကြည်ဖြူ စျေးလာတာလား "

" အင်းဟုတ်တယ် "

" 👀👀 "

ဟန်ကြည်ဖြူ ကြည့်လိုက်တော့ သဘောပေါက်သွားသည်။

" ငါသွားတော့မယ်နော် "

" အင်းအင်း တာ့တာ ကြည်ဖြူ "

နေတွေပူနေတာတောင် ရာရာ့တစ်နေရာထဲ အရိပ်ရနေသလိုခံစားမိသည်။

အသားတန်းဘက်သွားတော့ ဘုန်းပြည့်စုံက အပြင်မှာပဲရပ်စောင့်ချင်သည် လို့ပြောတာကြောင့် ရာရာက သူနဲ့အတူ အပြင်မှာပဲ စောင့်နေသည်။

ဟော သူ့ကိုတွေ့ပြန်သည်။

ခုနက သေချာရွေးနေတဲ့ ပန်းသီးလေးတွေကို သူက ကလေးလေးတွေကို လိုက်ပေးနေသည်။

ပြုံးပျော်သွားတဲ့ ကလေးလေးတွေရဲ့ မျက်နှာထက် သူ့မျက်နှာလေးကို ပိုငေးကြည့်နေမိသည်။

ရာရာတစ်ယောက် ပြုံးစိစိနဲ့ ....

အိမ်ပြန်ရောက်တော့ အမေ့ကိုဝိုင်းကူလုပ်ပေးရသည်။

❀ɓεℓσѵε∂❀Where stories live. Discover now