💛သင်္ကြန် အကျနေ့💛
ရာရာ ဒီနေ့တော့ အမေနဲ့အမနဲ့အတူ ဥပုသ်စောင့်မည်ဟု ဆုံးဖြတ်ထားပါသည်။
မနက် ၁၀နာရီ သီလယူပြီး မောင်ဖြစ်သူက ရေဆော့နေတာကြောင့် ခြံထဲမှာ ထိုင်ရင်း စောင့်နေရသည်။
" ရာရာ ငါ့ကိုရေခပ်ပေး "
" နင်မတက်သေးဘူးလား ၁၁နာရီကျော်နေပြီ နေပူတယ် "
" ဟာ မရဘူး မရဘူး ခပ်ပေး "
" ခပ်ပေးလိုက်ပါ ရာရာရယ် ဒါနောက်ဆုံးတစ်ပုံးနော် ဘုန်းပြည့်စုံ "
ရာရာ အမဖြစ်သူစကားကြောင့် ရေခပ်ပေးလိုက်ပါသည်။
ရာရာ ရေခပ်ပေးပြီး လမ်းထဲကိုလှမ်းကြည့်လိုက်တော့ ကလေးလေးတွေ စက်ဘီးတွေနဲ့ဝင်လာကြသည်။
ထိုစက်ဘီးတွေထဲမှာ ရာရာတို့ အရှေ့လမ်းက ကောင်မလေးတစ်ယောက်ပါသည်။
အဲ့ဒီကောင်မလေးက မိန်းကလေးချင်းသဘောကျတဲ့ Tom တစ်ယောက်။
ရာရာလည်းအိမ်ထဲအမြန်ဝင်ကာမှ သူက ရေခဲရေဗူးနဲ့ ရာရာ့ကို လှမ်းလောင်းသွားသည်။
" ဟာ ဘယ်လိုဟာလဲမသိဘူး ဥပုသ်ကျိုးပါပြီ "
ရာရာ စိတ်တိုတိုနဲ့ အိမ်ထဲဝင်လာလိုက်သည်။
ဒီနေ့တော့ ဟိုလူကြီး အရိပ်ယောင်ကိုမတွေ့။
ရာရာလည်း ဥပုသ်ကျိုးသွားလို့တော်တော်စိတ်တိုနေမိသည်။
" အမေတို့ကို အဲ့တာကြောင့်ပြောတာ ဒီမှာ ကုသိုလ်ကမရတော့ဘူး"
" အေးလေ ဒီနေ့ပျက်သွားတော့လဲ နောက်နေ့စောင့်ပေါ့ "
" အပြောကလွယ်တယ်နော် "
ထိုစဥ္ ရာရာ့အဖေ မူးပြီးအိမ်ထဲဝင်လာသည်။
" ငါတို့ကတော့ ကုသိုလ်လိုချင်လို့ သီလယူဥပုသ်စောင့်နေတာ နင်ကတော့ မူးရူးပြီးပြန်လာတယ်ပေါ့ "
ရာရာ့အမေတော့ အဖေ့ကြောင့်ဥပုသ်ကျိုးရပြန်ပါပြီ။
" ဒီအိမ်မှာ ကုသိုလ်ရဖို့မကြိုးစားချင်တော့ဘူး "
ရာရာ တစ်ယောက်ထဲ ကြည်ဖြူတို့အိမ်ဘက်ထွက်လာလိုက်သည်။
" ကြည်ဖြူရေ "