Part 8🍓

2.3K 52 0
                                    

ညွှန်းဖွဲ့ရာတွက် စိတ်မပျော်ရတဲ့ တနင်္ဂနွေနေ့ကိုရောက်လာခဲ့ပါပြီ။

မနက်စောစောထပြီး လုပ်နေကျအလုပ်တွေကို အန်တီမြနဲ့အတူ ကူလုပ်ပေးရင်း

" ဒီနေ့ ဘယ်သူတွေလာမလဲဆိုတာ သိတယ်မလား "

ပေါင်မုန့်မီးကင်ကို ထောပတ်သုတ်နေရင်းအန်တီမြက စကားစပြောသည်။

" ဟုတ်ကဲ့သိပါတယ် "

" သေချာနေပေးလိုက်နော် ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်မှာကလုပ်စရာတွေရှိပေမယ့် အန်တီတစ်ယောက်တည်းလဲလုပ်နိုင်တယ်
ညည်းကိုဒီခေါ်ထားတယ်ဆိုတာ သနားတဲ့စိတ်တစ်ခုထဲနဲ့ပဲ မင်းသွေးက ကူညီပေးထားတာ အဲ့တော့သူမျက်နှာပျက်စေမယ့် ပုံစံမျိုးမင်းမလုပ်နဲ့ "

" ဟုတ်ကဲ့ အန်တီ "

အန်တီမြပြောတဲ့စကားတွေက ရာရာ့နားထဲကို ရိုက်သွင်းလိုက်သလို။

မနက်စာစားပြီး ဟင်းချက်ဖို့အတွက် ကူညီပေးရသည်။

ဒီနေ့ဧည့်သည်တွေလာမှာမို့ချက်စရာတွေက များလှသည်။

သာမန်နေ့မျိုးတောင် ဟင်းအမယ်စုံအောင်ချက်တတ်တဲ့အန်တီမြက ဒီနေ့တော့ သာမန်နေ့ထက် ၂ဆလောက်ကိုတိုးပြီးချက်သည်။

ကြက်သား ဝက်သား ဘဲသား နဲ့ ​ပြောင်းဖူးကြော် ပန်းပွင့်စိမ်းကြော်
အရွက်စုံကြော် မန်ကျည်းရွက်သုတ် သခွားသီးသုတ်
ချဥ္ဟင်း ။

ဟင်းအမယ်တွေအရမ်းများတာကြောင့် ဘုန်းကြီးကျောင်းရောက်သွားသလိုတောင် အောက်မေ့ရသည်။

ရာရာလဲ ဝိုင်းကူပေးရင်း နေ့လည် ၁၁နာရီတောင်ထိုးသွားသည်။

" ဟင်းချိုတွေဆူရင် ရပြီ ညွှန်းဖွဲ့ရာ စားပွဲသွားပြင်လိုက်တော့ "

" ဟုတ် အန်တီ "

စားပွဲခင်း အသစ်နဲ့ ပန်းကန်အသစ်တွေကိုလဲ ဗီရိုထဲကထုတ်ရအုံးမည်။

မနက်ကတည်းက စားထားတဲ့ ပေါင်မုန့်မီးကင်လေးတစ်ချပ်က ဗိုက်ထဲ ဘယ်နားရောက်သွားမှန်းတောင်မသိ

ရာရာ ချွေးတလုံးလုံးနဲ့အိမ်ရှေ့ကိုထွက်လာတော့ သူနဲ့ဆုံသည်။

❀ɓεℓσѵε∂❀Where stories live. Discover now