( နည်းနည်းချိုပေးနေပြီနော်🤭)
" အချိန်ရာသီများ ပြောင်း နွေမိုးဆောင်း ဟောင်းလို့သွားလဲ ရင်မှာ မင်းတစ်ယောက်တည်းသာ ထာဝရမပြောင်းလဲ...
ရှင်သန်ချိန်ခရီး ဘယ်လောက်ဖြစ်ဖြစ် မျှော်လင့်စောင့်စားမယ်..
တစ်ချိန်ချိန်မင်းနဲ့နီးရာ မျှော်လင့်ခြင်းကဗျာ...
မင်းအတွက်ငါ အမြဲတမ်းအသင့်ရှိနေသူပါ
မင်းအတွက်ငါ ရင်ခုန်သံမပြောင်းလဲသွား
မင်းအတွက်ငါ ကမ္ဘာလောကထဲရှင်သန်နေတာ...
မင်းအတွက်ဆိုငါ....အရာအားလုံးစတေးဖို့အသင့်ပါ🎶🎶🎶 "
" အမယ်လေး သီချင်းတအေးအေးနဲ့ပါလား "
" ဟီး အမေဘာခိုင်းစရာရှိလို့လဲ "
" ခိုင်းစရာတော့မရှိပါဘူး ပြောစရာတော့ရှိတယ် လာအုံး "
အန်တီမြတို့ခြံကနေ ပေးလိုက်တဲ့ စံပယ်အိုးပုတ် ပင်လေးတွေကို ပေါင်းသင် နေတုန်း အမေခေါ်တာကြောင့် ရာရာ အနားကိုသွားလိုက်သည်။
" ဘာပြောမလို့လဲ အမေ "
" ငါ့ကို အိမ်ပွဲစားကြီးကပြောလိုက်တယ် အိမ်ကအခြေနေကောင်းတယ်တဲ့ ရောင်းလို့ "
" ဟယ်ဟုတ်လား ကောင်းတာပေါ့ "
" အေးဟုတ်တယ် ပြီးတော့ နင့်အတွက် အလုပ်ပါရှာပေးလိုက်သေးတယ် "
" ရှင် အလုပ်ဟုတ်လား "
" အေး နင်တို့ကျောင်းနောက်က စက်မှုဇုန်ကြီးလေ အေးအဲ့ဘေးက မုန့်ထုပ်စက်ရုံမှာ လူလိုနေလို့တဲ့ ဘာမှမပင်ပန်းဘူး မုန့်ကိုအိတ်ထဲထည့်ရုံပဲ
မုန့်ဖိုးလေးဘာလေးရအောင် သွားလုပ်ချေ "" သမီးအပြင်မထွက်ချင်ဘူးအမေရယ် "
" ဟဲ့ ဒီနားနဲ့ဒီနားကို ဘာဖြစ်နေတာလဲ ဝင်ငွေအပိုရှိတော့မကောင်းဘူးလား "
" ဝင်ငွေ အပိုရှိတာကောင်းပေမယ့် "
" တော်စမ်းတော်စမ်း ညွှန်းဖွဲ့ရာ ငါ့မှာနင်တစ်ယောက်တည်းပဲကျန်တော့လို့ အားကိုးရမလား အောက် မေ့ပါတယ်ဟေ "