( နည်းနည်းလေး တိုသွားတယ် နောက်တစ်ပိုင်းသေချာပေါက်မှောင်ပေးပါ့မယ်🥺🌚)
အားဆေးလေးတွေ Need နော်~~~
ဒီတစ်ပတ်ပိတ်ရက်ကိုတော့ ကြီးကြီးက အမေတို့အိမ်သွားလည်ချင်တယ်ဆိုလို့ မနက်ကတည်းက လေးလေးနဲ့ကြီးကြီးသွားသည်။
မင်းသွေးကတော့ ပန်းချီဆွဲဖို့တွက် လိုအပ်တဲ့ရေဆေးတွေသွားဝယ်လိုက်သည်။
မင်းသွေးရဲ့အိပ်မက်တွေ အကောင်ထည်ပေါ်စပြုနေပြီ
ပြည်တွင်းစျေးကွက်မှာ ပန်းချီတွေကို မချပြဘဲ ပြည်ပစျေးကွက်ကို တိုးဝင်ရင်း အခုဆို million ချီပြီး viewers တွေရနေပြီ
ဒါတွေကိုဘယ်သူမှမသိ။
အနုပညာကိုအထင်သေးချင်တဲ့ မင်းသွေးရဲ့မိသားစုကို အနုပညာရဲ့တန်ဖိုးပြချင်တဲ့တွက်ရော ကိုယ်တိုင်အနုပညာကိုချစ်မြတ်နိုးလို့ရော အကုန်လုံးကို ပန်းချီကားတွေထဲမှာပဲ စိတ်နှစ်ထားသည်။
" မကြီးကိုကျွန်မတိုင်ပင်စရာရှိတယ် "
" ဘာလဲ ညီမလေးရဲ့ "
" မင်းသွေးကိစ္စလေ ဟိုတစ်ခါ ကျွန်မနဲ့အကြီးကျယ်ပြဿနာတက်တဲ့ကိစ္စ "
" ဪ အင်း အဲ့တာဘာဖြစ်လို့လဲ "
" ဒီကလေးက ကျွန်မနဲ့သိပ်ပြီးအဆင်မပြေပေမယ့် ဒီလောက်ထိ မအေကို ပြန်မပြောဖူးဘူး အခုများတော့ သူစိမ်းကောင်မလေးတစ်ယောက်ကြောင့်နဲ့ "
" အဲ့တော့ညီမလေးကဘာလုပ်ချင်လို့လဲ "
" သူ့ကို အိမ်ထောင်ချပေးရင်ကောင်းမလားလို့ "
" ဘာလို့လဲညီမလေး ဘယ်လိုစိတ်ကူးနဲ့လဲ "
" ရှင်းရှင်းပြောရရင် သူ့ကိုအဲ့ကောင်မလေးနဲ့ မပတ်သက်စေချင်ဘူး
သူ့ကိုထိန်းချုပ်နိုင်မယ့် မိန်းကလေးနဲ့ တစ်ခါထဲနေရာချပေးလိုက်တော့မယ် သူလည်းအရွယ်ရောက်နေပြီပဲဟာ "" ဒီကောင်မလေးကို ထောက်ပံ့ပေးတာနဲ့ပဲ ညီမလေးက အိမ်ထောင်ချပေးတော့မလို့လား မင်းသွေးက အခုမှ သူ့လမ်းကြောင်းသူလျှောက်တုန်းရှိသေးတာလေ "