Part 15🍓

2.2K 46 4
                                    

တစ်ခါတလေတော့လည်း နောင်တရမိသည်။

အတိတ်က ဆုံးဖြတ်ချက်တစ်ချို့ကိုသာ ပြန်ပြင်လို့ရခဲ့ရင် ရာရာအခုလိုဝမ်းနည်းနေရမှာမဟုတ်။

အခုတော့ မမရဲ့ခံစားချက်ကိုနားလည်ခဲ့ပြီ

Tayလောက်အောင်ငိုချင်နေလဲ မျက်ရည်တွေကထွက်မလာတော့။

ရာရာနဲ့ ဘယ်တော့မှမတည့်ခဲ့တဲ့ ဘုန်းပြည့်စုံကလည်း မမဓာတ်ပုံရှေ့မှာထိုင်ပြီး တသသငိုကြွေးနေလေတယ်။

ွမေမေဆိုပြောဖွယ်ရာမရှိ။

ရာရာ တစ်ချက်တစ်ချက်တော့ အိမ်ဘေးကိုလှမ်းကြည့်မိပါတယ်

ကားတွေဝင်လိုက်ထွက်လိုက်နဲ့ တစ်ခုခုကိုအလုပ်ရှုပ်နေကြဟန်။

" ဗျာ ချာတိတ် အစ်မဆုံးပြီ ဟုတ်လား"

" ဟုတ်တယ် သား လေးလေးကြားခဲ့တာတော့ လူtatမှု တဲ့"

" ဘယ်လိုဖြစ်ရတာလဲဗျာ မဟုတ်မှ ??? မေမေတို့လုပ်လိုက်တာလား"

" လေးလေးလဲ မပြောတတ်ဘူး မင်းသူငယ်ချင်းကို စောင့်ကြည့်ခိုင်းထားတယ်ဆို သား "

" သူလည်းခရီးသွားနေလို့ သူ့လူတွေကိုလွှတ်ပေးရမလားပြောပေမယ့် ကျွန်တော်လည်းဒီရက်ပိုင်း စိတ်ရှုပ်နေတာနဲ့ စာပြန်ဖို့ကိုမေ့သွားတာ"

" မြလေးသာ လုပ်တယ်ဆို တော်တော်အကွက်ကျတာဘဲ ဟူးးးး ဒါနဲ့သား မင်းမင်္ဂလာပွဲရက်ကိုရော သိပြီလား "

" မသိသေးဘူး လေးလေး "

" လာမယ့် Sunday ပဲသား "

" ဗျာ အဲ့လောက်တောင်မြန်တာလား "

" အေးဟုတ်တယ် မင်းနဲ့ခင်လေးပျိုနဲ့ လက်ထပ်ဖြစ်သွားဖို့က မြလေးတို့တွက် အရေးကြီးပုံပဲ အဲ့တော့ မင်းသွေးရာ မင်းဒီအခန်းထဲမှာပဲ နေမနေပါနဲ့တော့ မင်းလုပ်စရာရှိတာတွေပြင်ဆင်ဖို့လိုနေပြီ "

" ကျွန်တော်ခင်လေးပျိုကို လက်မထပ်ချင်ဘူး လေးလေး "

" လေးလေး နားလည်ပါတယ်ကွာ အောက်မှာ ပစ္စည်းတွေရောက်နေတယ် သွားကြည့်လိုက်အုံး "

" ဟုတ်လေးလေး "

မင်းသွေး ချာတိတ်စီအပြေးသွားပြီး နှစ်သိမ့်ချင်မိပေမယ့်... အခြေနေမပေးတော့ပါ။

❀ɓεℓσѵε∂❀Where stories live. Discover now