ရာရာ အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်တာ ဆရာမအလှူပြီးတဲ့နေ့ကတည်းကဖြစ်သည်။
ဘေးအိမ်ကလူကြီးနဲ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုလဲ အချိန်တိုင်းတွေးမိပြီးရှက်နေတာမို့
သူ့ဖုန်းကို block လိုက်သည်။လိုင်းလဲမသုံးဖြစ်
မုန့်စားချင်ရင်တောင် မမကိုပဲမှာဖြစ်သည်။
အခုလည်း...
" ညီမလေး စားလေ ဘာတွေစဥ္းစားနေတာလဲ မကြိုက်လို့လား "
"ဟင် မဟုတ်ပါဘူးမမ "
"ဒါဆို ဘာလို့မစားတာလဲ ခေါက်ဆွဲတွေပွကုန်တော့မယ် "
ဒီခေါက်ဆွဲဗူးလေးကိုမြင်တော့ သူ့ကိုသတိရပြန်သည်။....
ချာတိတ်နဲ့မတွေ့ရတာတော်တော်ကြာပြီ။
ဖုန်းကိုလဲ Block ထားတော့ သူအနှောင့်ယှက် မပေးချင်
computer တစ်လုံးနဲ့အလုပ်ရှုပ်နေပေမယ့် စိတ်ကတော့ချာတိတ်စီမှာ
ဒီနေ့တော့ ညွှန်းဖွဲ့ရာရဲ့ ချစ်လှစွာသော မောင်လေးတို့ပြန်လာပြီဖြစ်သည်။
" အမယ်လေး နင်တို့မီးဖိုချောင်ထဲရောဝင်ဖြစ်ကြရဲ့လား "
ရာရာအမေကတော့ထုံးစံတိုင်း ပြောပါသည်။
" ဟဲ့ ငါ့တွက်ရော မုန့်ဖိုးမပါဘူးလား "
"နင်လိုက်လို့လား "
"ဟဲ့ငါကအမနဲ့နေခဲ့ရတာလေ "
" စကားများမနေပါနဲ့ ဒီမှာရာရာ့တွက်ဆိုပြီး မုန့်ဖိုးပေးလိုက်ပါတယ်"
ရာရာ့အဖေလက်ထဲမှာ 5000 တန်လေးတစ်ရွက်
ရာရာမှာပျော်ပြီး လိုချင်တာတွေကိုတန်းစီပြီးတွေးပစ်ထားသည်။
ဒါပေမယ့် မောင်ဖြစ်သူက ဆော့မယ်လို့ပြောတာကြောင့်မရပ်ချင်ခဲ့တဲ့အတွေးကမ္ဘာလေးကိုရပ်ခဲ့ရသည်။
ရာရာနဲ့ဘုန်းပြည့်စုံတို့ lego အရုပ်ဆက်တိုင်းကစားကြသည်။
" ရာရာငါတို့ခရီးထွက်ကြမယ်
အဖွင့်ပိတ်ဇစ်ပါတဲ့ ပလတ်စတစ်အိတ်ကလေးထဲ အင်္ကျီလေးတွေထည့်ပြီး ကားတစ်ယောက်တစ်စီးနဲ့ ခရီးထွက်ကြသည်။