( မှောင်ပေးဆိုလို့ မှောင်ပေးထားတယ်နော်🌝 အားဆေးလေးတွေပေးဖို့က ရှင်တို့တာဝန်😾🤎 )
ရာရာ မနိုးခင်ကတည်းက အိမ်ရှေ့မှာလူတွေဆူညံနေသည်။
သတင်းလာမေးတဲ့သူတွေတွက် ခြံထဲမှာနေရာလုပ်ပေးထားပေမယ့်..
" ဘုန်းပြည့်စုံ ငါ့ဖုန်းနင်ယူသွား.... "
ရာရာစကားမဆုံးလိုက်သေးခင် ကြည့်လိုက်တော့
" ဟင် ရောက်နေတာလား "
" မနေ့က ကိုယ်လာမယ်လို့ မင်းကိုပြောထားတယ်လေ "
" အမ် အော် အင်း "
" ညီမလေး မျက်နှာသွားသစ်သွား "
" ဟုတ်မမ "
မေမေရယ် မမရယ် နဲ့ သူရယ် အန်တီမြရယ် က ထိုင်နေကြသည်။
ရာရာရှက်လိုက်တာ
အဲ့တာမှန်းသိရင် ထွက် မလာပါဘူး
" အဲ့တာပဲကြည့်တော့ အန်တီ ရာရာလေးက ကလေးပဲရှိသေးတာ "
" ဟုတ်ပါ့ကွယ် သူကလိမ်တော့လိမ္မာသားနော် အိမ်မှာဆိုလဲ အန်တီ့ ကို ကူပေးတယ် "
ရာရာ့ အမေက မို့အစ်နေတဲ့မျက်နှာလေးကို အနည်းငယ်ပြုံးလိုက်ပြီး
" ကျေးဇူးတင်ပါတယ် အစ်မရယ် ရာရာ့ကိုဂရုစိုက်ပေးလို့
သားကိုလည်းကျေးဇူးတင်ပါတယ်ကွယ် မင်းအန်တီတို့ကို ကူညီနေတာတွေများလှပါပြီ "" မဟုတ်တာဗျာ ကျွန်တော်ကိုယ်တိုင်က ရာရာလေးကိုသနားလို့ပါ"
ရာရာ့ကို ချစ်ပေးကြလို့ ရာရာသိပ်ကျေးဇူးတင်မိသည်။
မင်းသွေးနဲ့ ဒေါ်မြတင်တို့က ရာရာ့အဖေတွက် ကူငွေနဲ့ ရာရာ့အမေအားရှိဖို့တွက် မုန့်တွေလာပို့ပေးသွားသည်။
" အမေ သမီးဘာကူညီပေးရအုံးမလဲ "
" ရပါတယ် ရာရာရယ် "
" ဟဲ့ ကောင်မလေး လာစမ်းပါအုံး "
ခြံထဲက အန်တီတစ်ယောက်လှန်းခေါ်လို့ရာရာလဲ ဆင်းသွားသည်။
" ဟုတ်ကဲ့ အန်တီဘာများလိုအပ်လို့လဲရှင့် "
" မလိုအပ်ပါဘူး နင်အလုပ်လုပ်နေတယ်ဆို ခုနက လာသွားတာ နင့်သူဌေးလား"