Unicode
အငှားရည်းစားဆိုတဲ့ဝေါဟာရ...
သူကြားဖူးခဲ့ပေမဲ့လက်တွေ့မကြုံခဲ့ဖူးဘူး ထားရင်အစစ်ပဲထားမှာပေါ့ အတုတွေကိုငှားနေစရာလိုလို့လား သူအဲ့လိုတွေးခဲ့ဖူးတယ်...ဒါပေမဲ့သူ့အခြေအနေတွေကအငှားရည်းစားရဖို့အကြောင်းဖန်လာတယ်ဆိုပါတော့။
သူ့မှာအငှားရည်းစားရှိမှန်းသူနဲ့သူ့မန်နေဂျာမလေး ထက်စံ ကလွဲပြီးဘယ်သူမှမသိဘူး...သူများတွေသိစရာလဲမလိုပါဘူးလေ...သိသာသိကြရင်သူများတွေရဲ့reactionကဘယ်လိုနေမလဲနော်?!ထားပါတော့...သူ့နာမည်က နိုအာမောင်မောင်တဲ့...နာမည်အရင်းက တင်မောင်ဦး ...အဖေနဲ့အမေနဲ့ကဘယ်လိုစိတ်ကူးနဲ့သူ့ကိုဒီနာမည်ကြီးပေးခဲ့သလဲမသိပေမဲ့သူဒီနာမည်ကိုလုံးဝသဘောမကျပါဘူး...သူ့ရဲ့အရှိန်အဝါနဲ့ချောမောတောင့်ဖြောင့်နေတဲ့ရုပ်ကဒီခပ်နုပ်နုပ်ဦးလေးကြီးလိုနာမည်နဲ့မလိုက်ဖက်ဘူးလို့ထင်တယ်လေ။ဆယ့်ရှစ်နှစ်လုံးလုံး တင်မောင်ဦး ဆိုတဲ့နာမည်ကြီးနဲ့မကျေမနပ်နေလာခဲ့ပြီးတဲ့နောက်မှာသူ့ဘဝကိုပြောင်းလဲလိုက်ဖို့အခွင့်အရေးရခဲ့တယ်။ဘာလဲဆိုတော့ သူကအဆိုတော်တစ်ယောက်ဖြစ်လာတာပါပဲ...auditionတွေအဆင့်ဆင့်ဝင်ပြိုင်ပြီးတဲ့နောက်မှာသူidol groupတစ်ခုကနေပွဲဦးထွက်နိုင်ခဲ့တယ်။အဲ့ဒီမှာ နိုအာမောင်မောင် ပေါ်ပေါက်လာတယ်ဆိုပါတော့...သူ့ပရိတ်သတ်တွေနဲ့ချစ်ခင်ရင်းနှီးတဲ့သူတွေကတော့ နိုအာ လို့ပဲခေါ်ကြတယ်...အနောက်က မောင်မောင် တပ်မိလိုက်တယ်ဆိုတာကလည်းအိမ်ကအဖေနဲ့အမေပေးခဲ့တဲ့နာမည်ကိုလုံးလုံးမပစ်ပယ်ချင်တာကြောင့်ပေါ့။
ဒီလိုနဲ့အရည်အချင်းရှိတဲ့သူ့ကိုကုမ္ပဏီကနေသရုပ်ဆောင်ဖက်ကိုခြေလှမ်းလှမ်းဖို့အခွင့်အရေးပေးလာခဲ့တယ်။
အဲ့မှာကွိုင်တက်ပြီလေ...သူရိုက်ရမဲ့ဇာတ်လမ်းကboy loveဇာတ်လမ်းဖြစ်နေတာပဲ။နာမည်ကြီးဝတ္ထုကနေlive actionပြန်ရိုက်တာမို့လို့သူနည်းနည်းလေးမှအတိမ်းအစောင်းခံလို့မရဘူး...တစ်ဖက်ကမင်းသား နေဝန်းထည်ဝါ ကလည်း အင်မတန်မှချေမိုးပြီးဘယ်သူ့ကိုမှလူမထင်တဲ့လူဆိုတော့ အားတဲ့အချိန်မှာလေ့ကျင့်ဖို့ နိုအာ့ အတွက်အခက်အခဲဖြစ်ခဲ့တယ်။သူသာဝါရင့်သမားဆိုလေ့ကျင့်စရာလိုကိုမလိုတာ...အခုကသူ့ရဲ့ပထမဇာတ်လမ်းတွဲဖြစ်တာရော...သရုပ်ဆောင်တဲ့နေရာမှာလိုအပ်ချက်အများကြီးရှိနေသေးတာမို့လို့အားလပ်ချိန်မှာလေ့ကျင့်ဖို့လိုတယ်လို့ဒါရိုက်တာကိုယ်တိုင်ပြောခဲ့တာ...
တကယ်တော့တစ်ဖက်မင်းသားနဲ့ညှိကြည့်မလို့ နိုအာ ကြိုးစားခဲ့ပါသေးတယ်။မတူမတန်သလိုပြန်ပြောလိုက်လို့ နိုအာ လည်းစိတ်ပေါက်ပေါက်နဲ့စကားထပ်မစတော့ဘူး...တစ်ဆက်ထဲမှာပဲအဲ့မင်းသား နေဝန်းထည်ဝါ နဲ့ရှေ့ဆက်ပြီးဘယ်လိုနှစ်ပါးသွားရမလဲခေါင်းခြောက်ရပြန်ရော...
နိုအာ စိတ်ဓာတ်ကျနေတဲ့အချိန်မှာပဲ မန်နေဂျာမလေး ထက်စံ ကသူ့လျှိူ့ဝှက်ချက်ကိုထုတ်ပြောလာခဲ့တယ်။အငှားရည်းစားဆိုအဆင်ပြေလောက်တယ်..သူကိုယ်တိုင်လည်းပျင်းရင်တစ်ယောက်လောက်ငှားပြီးလျှောက်လည်လိုက်တာပဲတဲ့... နိုအာ စိတ်ဝင်စားသွားရတယ်။
YOU ARE READING
Rental Boyfriend
RomanceA light and warmth story between an actor and his rental boyfriend Main characters-Noah&SaySay