7

236 23 8
                                    

Unicode

ခေါင်းကဒဏ်ရာကသုံးရက်လောက်ကြာသွားပြီးတဲ့နောက်ရိုက်ကူးရေးပြန်စရတော့တယ်။ရိုက်ကွင်းမှာ နေဝန်းထည်ဝါ နဲ့တွေ့ပေမဲ့ နိုအာ ကထပ်ပြီးမျက်နှာချင်းမဆိုင်မိအောင်နေတယ်။တစ်ခြားလူတွေကလည်းသူတို့နှစ်ယောက်အခြေအနေကိုမသိမသာအကဲခတ်ရင်းပေါ့...

"ဟိုနေ့ကအတွက်တောင်းပန်တယ် ငါစိတ်မထိန်းလိုက်နိုင်လို့"

နိုအာကကိုယ့်ဟာကိုယ်နေနေပေမဲ့ နေဝန်းထည်ဝါ ကတောင်းပန်စကားဆိုလာတော့စကားပြန်ပြောရတော့တယ်။တောင်းပန်တယ်သာဆိုတာပါ။လေသံကမလျှော့ဘူး။

"ငါ့အမှားလဲပါပါတယ်...ဒါပေမဲ့မင်းကိုမခွင့်လွှတ်နိုင်ဘူး မင်းလုပ်လို့ငါ့ရဲ့မဟာနဖူးလေးဒဏ်ရာရတာ"

"အဟက်..ငါလည်းမင်းကိုတောင်းပန်ချင်လွန်းလို့ထင်နေတာလား စီးရီးမျက်နှာထောက်ပြီးမကောင်းတတ်လို့လာပြောရတာ ဇွတ်တွေဘဝင်မမြင့်နေနဲ့"

"ဟဲ့...နင်တို့ကလည်းဟယ် စကားကိုကောင်းကောင်းပြောကြစမ်းပါ လာလာနိုအာ ဆံပင်ပြင်ရမယ်"

ထက်စံကအခြေအနေကိုအကဲခတ်မိလို့နိုအာ့ကိုအတင်းလာဆွဲခေါ်သွားတော့တယ်။နိုအာကဆံပင်ပြင်နေရင်းဖုန်းကိုထုတ်ပြီးအချိန်ဖြုန်းနေမိတယ်။အဲ့မှာသူနဲ့နေဝန်းထည်ဝါရဲ့ greeting videoကိုသွားတွေ့ရော...သူတို့နှစ်ယောက်ကမသိရင်အရမ်းချစ်နေကြသလိုပဲ။အောက်ကပရိတ်သတ်တွေရဲ့မှတ်ချက်တွေကလည်းပလူပျံလို့။ဘေးကဆံပင်ပြင်ပေးနေတဲ့hair stylistအစ်မကတော့ပြုံးစိစိဖြစ်နေတယ်။ဘာလို့ဆိုရိုက်ကွင်းမှာနိုအာနဲ့နေဝန်းထည်ဝါကဘယ်လိုဖြစ်နေကြမှန်းအကုန်သိကြတာကိုး...နိုအာလည်းပျင်းပျင်းရှိတာနဲ့မှတ်ချက်တွေကိုထိုင်ဖတ်နေလိုက်တယ်။

(ဟဲ့ ကြည့်ကြပါဦး နေဝန်းကငါတို့ကလေးကိုပိုင်စိုးပိုင်နင်းနဲ့ လက်ကိုအတင်းဆွဲထားတာ)

(နေနေရေ နိုအာ့ကိုအသဲပုံလုပ်နည်းပဲသင်ပေးတာလား ချစ်တဲ့နည်းရောမသင်ပေးဘူးလား)

(နှစ်ယောက်လုံးကဓာတုဗေဒမိချက်)

(Fan serviceမှန်းသိပေမဲ့အရမ်းကြိုက်တယ် များများတင်ပေး!!)

Rental BoyfriendWhere stories live. Discover now