14

200 16 6
                                    

Unicode

ဘားအံရောက်ပြီးဒုတိယနေ့မနက်မှာတော့စေးစေးကနိုအာ့ကိုမနှိုး...နိုအာလည်းအိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာကိုးနာရီထိုးသွားရောပဲ...အိပ်ရေးဝဝအိပ်ရလို့လည်းစိတ်ကြည်လင်နေတာပေါ့။သူနိုးတော့စေးစေးကသူ့ဘေးမှာမရှိတော့ပဲအိမ်အောက်ရောက်နေပြီ။ဒီနေ့ကနောက်ဆုံးနေ့ပဲ မနက်ဖြန်ဆိုသူ့ရဲ့လွတ်လပ်တဲ့အချိန်တွေကုန်ဆုံးပြီ...

"စေးစေး ဘာလုပ်နေတာလဲ"

စေးစေးကဖုန်းသုံးနေတာကိုမြင်ပေမဲ့လည်းပါးစပ်ကအကျင့်ပါနေတာမို့ဘာလုပ်နေလဲလို့နိုအာမေးလိုက်မိတယ်။

"ဖုန်းကြည့်နေတာလေ...ပြီးရင်အဖွားရဲ့ရွာသွားကြမယ် ကျွန်တော်တောင်မရောက်တာကြာပြီ အဖွားမရှိတော့ကတည်းကဆိုပါတော့"

စေးစေးကအစီအစဉ်ဆွဲနေပြီးတော့နိုအာ့ကိုမြန်မြန်ပြင်ဆင်ဖို့ပြောတယ်။နိုအာလည်းအထူးတလည်မပြင်ဆင်နေတော့ပဲအပြင်ထည်အင်္ကျီထပ်ဝတ်လိုက်တယ်။ခုတလောသူမှန်ကိုသိပ်မကြည့်ရသလိုပဲ...မှန်ကိုလိုက်ရှာပြီးကြည့်တော့လည်းမပြောင်းမလဲချောမြဲချောဆဲ...

စေးစေးအဖွားရဲ့ရွာကခန့်မှန်းခြေလေးဆယ့်ငါးမိနစ်မောင်းရတယ်။နေကသိပ်မပူပဲမိုးအုံ့နေတာမို့တော်ပါသေးရဲ့လို့နိုအာတွေးမိသွားတယ်။နို့မို့ဆိုရင်ဒီထက်နှစ်ဆပင်ပန်းလိမ့်မယ်။မြို့ပြင်ကိုထွက်တဲ့လမ်းကမနေ့ကသွားခဲ့တဲ့သံလွင်တံတားဖက်မဟုတ်တော့ပဲအရှေ့တည့်တည့်ကိုမောင်းရတယ်။စေးစေးပြောတာတော့ဒီလမ်းကနေသွားရင်မော်လမြိုင်ရောက်နိုင်တယ်တဲ့...စေးစေးကလိုက်ပို့ချင်ပေမဲ့အချိန်မရှိတော့တာမို့နောက်ကျမှနိုအာ့ဘာသာလာခဲ့တော့လို့ပြောတယ်။
ဟိုကွေ့ဒီကွေ့နဲ့မောင်းလာလိုက်တာစေးစေးအဖွားရဲ့ရွာကိုရောက်လာတယ်။ရွာကဘာမှမရှိပဲခြောက်ကပ်နေတာပဲ။အိမ်တွေလည်းတစ်အိမ်နဲ့တစ်အိမ်ခြားပြီးတော့အပင်တွေနဲ့အုံ့ဆိုင်းနေတယ်။နေ့ခင်းကြောင်တောင်ကြီးဆိုပေမဲ့ခြောက်ခြားစရာကောင်းတယ်။ကြားထဲမိုးကအုံ့နေတော့ပိုဆိုးတာပေါ့...
စေးစေးကမောင်းနေရင်းနဲ့မှအိမ်ရှေ့တစ်အိမ်မှာရပ်လိုက်ပြီးငေးကြည့်နေတယ်။

Rental BoyfriendWhere stories live. Discover now