8

229 18 2
                                    

Unicode

တိုက်ခန်းဆီစေးစေးကိုလိုက်ပို့ပေးတဲ့လမ်းတစ်လျှောက်မှာသူတို့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်စကားဆက်မပြောကြတော့ပဲတိတ်ဆိတ်နေတယ်။စေးစေးကနိုအာ့ကိုလည်းအရင်လိုစကားမများပဲကားမှန်ဖက်ကိုသာငေးကြည့်နေတယ်။နိုအာမနေတတ်တော့ဘူး။ဒီတိတ်ဆိတ်နေတဲ့အခြေအနေကြီးကိုဖြိုခွင်းရမယ်။

"အဟမ်း...စေးစေး"

"ဘာလဲ နိုအာ"

နိုအာတဲ့လား...ကိုကိုလို့တောင်မခေါ်တော့ဘူးလား စေးစေးရယ်

ဒီစကားတွေကိုနိုအာထုတ်မပြောဖြစ်ပေမဲ့ စေးစေး ရဲ့ နိုအာ ဆိုတဲ့ခေါ်သံအောက်မှာရင်ထဲဆို့သွားတာတော့အမှန်ပါ။စေးစေးကသူ့ကိုတစ်ကယ်ကြီးစိတ်ဆိုးနေမှန်းလည်းနိုအာသဘောပေါက်သွားတယ်။ခက်တာကဘယ်လိုချော့ရမှာလဲ။နိုအာ့ဘဝမှာဘယ်သူ့ကိုမှအောက်ကျခံပြီးမချော့ခဲ့ဖူးဘူး။မိသားစုထဲမှာလည်းတစ်ဦးတည်းသောသား၊ပြီးတော့ဝမ်းကွဲအစ်မတွေရဲ့အလျှော့ပေးမှုတွေကြားမှာကြီးပြင်းလာခဲ့ရတာ။

"အယ်...ရောက်သွားပြီ"

ဘယ်လိုချော့ရမလဲဆိုပြီးစကားလုံးတွေစီနေတုန်းရှိသေးတိုက်ခန်းကိုပြန်ရောက်သွားပြီ။နိုအာကိုယ့်နဖူးကိုယ်ပဲပြန်ရိုက်မိတော့တယ်။စေးစေးကနှုတ်တောင်မဆက်ပဲအောက်ဆင်းသွားတော့နိုအာတစ်ယောက်ထဲကြောင်တောင်တောင်နဲ့ကားပေါ်ကျန်ခဲ့ရောပဲ...ဒါပေမဲ့လည်းအလုပ်ကရှိသေးတာမို့စေးစေးနဲ့ကိစ္စကိုမေ့ပစ်ပြီးအလုပ်အပေါ်မှာပဲအာရုံစိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်။
သူကုမ္ပဏီကိုပြန်ရောက်တော့အဖွဲ့သားတွေကသူ့ကိုမချိုမချဉ်မျက်နှာပေးတွေနဲ့ကြည့်နေကြလို့လယ်ခလယ်ထောင်ပြလိုက်တယ်။

"ရိုင်းလိုက်တာအငယ်ဆုံးလေးက"

Starie groupထဲမှာ နိုအာ ကအငယ်ဆုံးပါ။MemberတွေကJustin,Willy,Way,Skyနဲ့Noah.အသက်တွေကမတိမ်းမယိမ်းတွေဆိုပေမဲ့အငယ်ဆုံး နိုအာ့ ကိုအလိုလိုက်ပြီးချစ်ပေးကြတယ်။
နိုအာကကားသော့ကိုပစ်ချပြီးပက်လက်လှန်လိုက်တော့ ဝီလီ က ဝေး ကိုမျက်စပစ်ပြတယ်။

"ငါတို့ကောင်ကြီးအသဲကွဲနေတာလားကွာ"

"မကွဲပါဘူးဗျ...ဒီအတိုင်းစိတ်ညစ်စရာလေးရှိလို့"

Rental BoyfriendWhere stories live. Discover now