11

224 14 2
                                    

Unicode

"နေဝန်းထည်ဝါနဲ့တော်တော်ခင်တာပဲလား"

စေးစေးရဲ့အမေးကြောင့်နိုအာခေါင်းကိုပုဝါနဲ့အုပ်ထားရင်းငဲ့စောင်းပြီးကြည့်မိတယ်။စေးစေးကခပ်တည်တည်ပါပဲ။ဟိုကပြန်လာကတည်းကစေးစေးတစ်ခုခုဖြစ်နေမှန်းရိပ်မိပေမဲ့ဘာဖြစ်နေမှန်းကိုသေချာမသိခဲ့ဘူး။

"ဘာလို့ မေးတာလဲ"

"ဘာရယ်မှမဟုတ်ပါဘူး ဒီအတိုင်းပဲသိချင်လာလို့"

စေးစေးကပြုံးပြီးပြောနေပေမဲ့တစ်ကယ်ပြုံးချင်နေတဲ့ရုပ်မဟုတ်ဘူးဆိုတာနိုအာသိတယ်။သူနဲ့နေဝန်းထည်ဝါဘာဖြစ်ခဲ့ကြမှန်းစေးစေးကမသိသေးဘူး။

"မခင်ပါဘူးကွာ စေးစေးမသိလို့ပါ
ဟိုတစ်လောကခေါင်းပေါက်သွားတာသူ့လက်ချက်လေ"

နိုအာပါးစပ်ကိုမဲ့ပြီးပြောရင်းအမာရွတ်အနည်းငယ်ကျန်ခဲ့တဲ့နဖူးကိုလက်နဲ့စမ်းကြည့်လိုက်တယ်။စေးစေးကအံ့ဩသွားပုံပါပဲ...

"ခေါင်းသုတ်ပေးဦး"

နိုအာကစေးစေးနားဆီလျှောက်သွားပြီးထိုင်ချလိုက်တယ်။စေးစေးကမကျေမနပ်နဲ့ကြည့်လာပြီးမှ

"hairdryerရှိသားပဲကို သူများကိုသက်သက်အနိုင်ကျင့်နေတာ"

အဲ့လိုပြောပေမဲ့စေးစေးရဲ့လက်တွေကနိုအာ့ခေါင်းပေါ်ကိုရောက်နှင့်နေပြီးပြီ။စေးစေးရဲ့ခပ်ဖွဖွအထိအတွေ့တွေကြားမှာနိုအာမျက်လုံးတွေကိုမှေးစင်းရင်းနဲ့ဇိမ်ယူနေမိတယ်။

"ဒါနဲ့မနက်ကမျက်နှာမလှဘူး ဘာဖြစ်လို့လဲ နေဝန်းထည်ဝါကိုသဘောမကျလို့လား"

နိုအာမေးတာတည့်တိုးဆန်လွန်းသွားလို့ထင် စေးစေးရဲ့လှုပ်ရှားနေတဲ့လက်တွေရပ်တန့်သွားတယ်။နိုအာကစေးစေးကိုမော့ကြည့်လိုက်တော့စေးစေးရဲ့မျက်ဝန်းတွေနဲ့အကြည့်ချင်းသွားဆုံတယ်။

"ဘာမှမဆိုင်ဘူး...ဒီအတိုင်း မနက်ကခေါင်းကိုက်နေလို့"

"အမယ်...ဟုတ်လို့လား ကိုယ့်ကိုသဝန်တိုနေတာလား"

"ဟုတ်တယ်"

ဟင် လို့တောင်နိုအာကအသံထွက်သွားတယ်။သဝန်တိုတယ်ဆိုတော့ စေးစေး ကသူ့အပေါ်ခံစားချက်တွေများရှိနေတာလား...ဒါပေမဲ့အဲ့ဒီစိတ်တွေကစေးစေးစကားကြားပြီးကြက်ပျောက်ငှက်ပျောက်ပြန်ဖြစ်သွားတော့တယ်။

Rental BoyfriendWhere stories live. Discover now