2

392 28 5
                                    

Unicode

မနက်ဖြန် စောစေးစေး နိုအာ့ တိုက်ခန်းကိုရောက်လိမ့်မယ်လို့Agencyကဆက်သွယ်လာတယ်။နိုအာအဲ့ဒါနဲ့ပတ်သက်ပြီးဘာမှအထူးတလည်မပြင်ဆင်မိပါဘူး။စောစေးစေးရောက်ရင်လွတ်နေတဲ့အခန်းတစ်ခန်းမှာနေခိုင်းလိုက်မယ်လို့သူလွယ်လွယ်လေးတွေးတယ်။ဒီနေ့တော့ နိုအာ အားလပ်ချိန်သိပ်မရှိဘူး။Magazine cover photo shootရှိတယ်လေ။အဲ့ကနေပြီးရင်အသစ်ထပ်ထွက်လာမဲ့ music videoအတွက်အကလေ့ကျင့်ရမယ်။အခုတလောseriesအတွက်ပဲပြင်ဆင်နေမိလို့တစ်ခြားအဖွဲ့သားတွေနဲ့တောင်မတွေ့ဖြစ်ဘူး။

"နိုအာရေ ပြီးပြီ ကြည့်လိုက်ပါဦး"

မိတ်ကပ်ပြင်ပေးတဲ့အစ်မကမ်းပေးလာတဲ့မှန်ကိုယူပြီးနိုအာကိုယ့်ကိုယ်ကိုတစ်ချက်ကြည့်လိုက်တယ်။
နိုအာ့မှာမျက်ကပ်မှန်ကူစရာမလိုတဲ့မျက်လုံးကြည်ကြည်တောက်တောက်လေးတွေရှိတယ်။မျက်ခုံးထူထူနက်နက်လေးတွေ၊အရောင်တင်ထားလို့စိုစိုရဲရဲဖြစ်နေတဲ့နှုတ်ခမ်းပါးပါးလေးတွေက နိုအာ့ ရဲ့မျက်နှာကိုပိုပြီးထင်းစေတယ်။နိုအာ သူ့မျက်နှာသူကျေနပ်သလိုကြည့်လိုက်ပြီးပုံရိုက်ရမဲ့နေရာကိုထထွက်လာခဲ့တယ်။

"နိုအာ့အစွမ်းနဲ့Magazineကတော့အကုန်sold outဦးမှာပဲဟေ့"

ဘေးမှာရှိတဲ့staffတွေကအဲ့လိုဝိုင်းပြောကြတော့ နိုအာ ခပ်ပြုံးပြုံးလေးဖြစ်သွားရော...
ဟုတ်လဲဟုတ်ပါတယ်။နိုအာ့ ပရိတ်သတ်တွေကသူပါတဲ့မဂ္ဂဇင်းတွေ၊အလှကုန်တွေအကုန်လုံးကိုလိုက်ဝယ်ကြလို့ခဏလေးနဲ့ရောင်းထွက်ကုန်ကြတာများတယ်လေ။
ပုံရိုက်တာကြီးပဲကိုတစ်နာရီနီးပါးကြာသွားတယ်။နိုအာ ဗိုက်ဆာနေပြီ။နေ့လယ်စာမစားရသေးဘူး။
ပြီးတာနဲ့ချက်ချင်းအဝတ်တွေကိုမြန်မြန်လဲပြီး ထက်စံ နဲ့နေ့လယ်စာစားဖို့ထွက်လာကြတယ်။

"ငါဗိုက်ဆာနေပြီ မြန်မြန်မောင်းစမ်းပါ"

"မောင်းနေတယ်လေ မမြင်ဖူးလား?!နိုအာ ရယ် မလောစမ်းပါနဲ့"

ထက်စံနဲ့နိုအာနဲ့ကနဂိုထဲကငယ်သူငယ်ချင်းတွေပါ။ထက်စံကအလုပ်လုပ်တာတိကျလို့ နိုအာ နဲ့ခုထိလက်တွဲမြဲနေတာပေါ့...သူတို့ ထိုင်းစားသောက်ဆိုင် တစ်ခုကိုရောက်လာကြပြီးအစားအသောက်တွေကိုမှာလိုက်ကြတယ်။မှာနေရင်းနဲ့မှ စောစေးစေး ကို နိုအာ သတိရသွားပြီး...

Rental BoyfriendWhere stories live. Discover now