6

215 22 8
                                    

Unicode

"ဟေ့ ဖြတ်လျှောက်ကောင်လေး မင်းသားကိုလွှတ်ပေးပါဦးဟ"

ဒါရိုက်တာဆီကထွက်လာတဲ့အသံကြားမှစေးစေးရောနိုအာရောအသိဝင်ပြီးဆွဲထားကြတဲ့လက်တွေကိုလွှတ်လိုက်ကြတယ်။

"ဟို...ဆောရီး"

"ဒီကိုဘာလာလုပ်တာလဲ"

နိုအာကခပ်တိုးတိုးလေးမေးပေမဲ့စေးစေးကဘာမှပြန်မပြောပဲပြေးထွက်သွားတယ်။နေဝန်းထည်ဝါကိုအားနဲ့ဝင်တိုက်ပစ်မယ်ဆိုတဲ့အတွေးလည်းစေးစေးကြောင့်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရော...
အဲ့ဒီတစ်ခန်းရိုက်ပြီးတာနဲ့ နိုအာ က စေးစေးကိုပတ်ဝန်းကျင်မှာရှိမလားလို့ရှာကြည့်ပေမဲ့မတွေ့တော့ဘူး။

"ဟဲ့ ခုနကစေးစေးမလား"

ထက်စံကနေကြာစေ့ကိုကိုက်ရင်းနိုအာ့အနားရောက်လာပြီးမေးတယ်။

"ဟုတ်တယ်"

"သူကဖြတ်လျှောက်လာလုပ်တာလား"

"မသိတော့ပါဘူးကွာ ဟူး.."

နိုအာကပါးစပ်ထဲကလေပူတွေမှုတ်ထုတ်လိက်ရင်းဖြေတယ်။စေးစေးကိုအိမ်ပြန်မှမေးကြည့်ဦးမယ်လို့လဲတေးထားလိုက်တယ်။ခုတော့break timeကုန်ပြီမို့လို့ပြန်စရတော့မယ်။

နောက်sceneကနိုအာနဲ့နေဝန်းထည်ဝါအချင်းချင်းတစ်တီတူးကြည်နူးရမှာဖြစ်တယ်။နိုအာကနေဝန်းထည်ဝါကိုကြည့်ပြီးဘယ်လိုမှmoodသွင်းလို့မရဘူး။နေဝန်းထည်ဝါကလည်းအလားတူပဲ။
ဝတ္ထုကိုနောကြေနေအောင်ဖတ်ထားတဲ့နိုအာကတော့ပရိုဂျူဆာတွေကဘယ်လိုစိတ်နဲ့နေဝန်းထည်ဝါကိုရွေးခဲ့ရတာလဲလို့တွေးနေမိတယ်။ဇာတ်ကောင်နဲ့နေဝန်းထည်ဝါနဲ့ကအကွာကြီးကို။အိမ်ကစေးစေးတောင်ဇာတ်ကောင်နဲ့ခပ်ဆင်ဆင်ဖြစ်ဦးမယ်။

"3,2,1 အက်ရှင်"

"ကိုကို ကျွန်တော်ချစ်စရာကောင်းလား!"

နေဝန်းထည်ဝါကသူမဟုတ်ခဲ့သလိုမျိုးနိုအာ့ကိုအချစ်မျက်ဝန်းတွေနဲ့ရွှန်းရွန်းဝေအောင်ပြောလာတယ်။ဒီတော့လည်း...နိုအာကအလိုက်သင့်ပေါ့...

နိုအာကနေဝန်းထည်ဝါအနားကပ်သွားပြီးမျက်နှာကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်တယ်။အသာလေးကိုင်ရမှာဆိုပေမဲ့နဂိုကတည်းကကြည့်လို့မရလို့ခပ်ကြမ်းကြမ်းလေးဖြစ်ညှစ်လိုက်တော့နေဝန်းထည်ဝါရုပ်ကငါးပူတင်းလိုဖြစ်သွားတယ်။

Rental BoyfriendWhere stories live. Discover now