Unicode
"ဟိတ် ထတော့ မိုးလင်းနေပြီ လျှောက်လည်ရမှာလေဒီနေ့"
အသံဆာဆာနှင့်နှိုးနေတဲ့အသံကြားပေမဲ့နိုအာတော်ရုံနဲ့မျက်လုံးမဖွင့်ချင်။ညကအိပ်ရေးအနည်းငယ်ပျက်ထားတော့ဆက်ပြီးအိပ်ချင်သေးတာ...
"ကဲ...ထတော့ အချိန်မရှိပါဘူးဆို"
"အား!!နာတယ်"
စေးစေးကစိတ်ရှည်ပုံမရတော့ပဲနိုအာ့ခြေထောက်ကိုတက်နင်းတယ်။နာလွန်းလို့သေမှာပဲ။ဆက်ပြီးမခွေတော့ပဲထလိုက်ရတော့တယ်။
ရေချိုးခန်းကအိမ်အောက်ထပ်မှာမို့လို့အောက်ကိုဆင်းလာတော့ဘယ်သူမှမရှိကြဘူး။"စေးစေး အန်တီတို့ရော"
"အမိုးတို့ကဆိုင်သွားဖွင့်ပြီလေ...ညနေမှပြန်လာကြမှာ ကျွန်တော်တို့လည်းမနက်စာစားပြီးရင်သွားကြမယ်"
စေးစေးကတော့နိုအာမနိုးခင်ကတည်းကပြင်ဆင်ထားပုံပေါ်ပြီးအကုန်အဆင်သင့်ဖြစ်နေပြီ။နိုအာလည်းတစ်ကိုယ်ရေသန့်ရှင်းမှုပြီးသွားတော့မနက်စာစားဖို့ဝင်ထိုင်လိုက်တယ်။စေးစေးကခဏကြာတော့ခေါက်ဆွဲပြုတ်တစ်ပန်းကန်လာချပေးတယ်။
"ဘာမှမရှိလို့ဒါပဲပြုတ်လိုက်တယ်"
"ပေါက်ကရတွေထပ်မလုပ်တာနဲ့တင်ကျေးဇူးတင်နေပါပြီ"
စေးစေးကရယ်နေပြီးသူပါဝင်စားတယ်။မကြာပါဘူး။နှစ်ယောက်လုံးစားလို့ပြီးသွားရော။နိုအာကအိမ်အပြင်ကိုအရင်ထွက်ခဲ့လိုက်ပြီးပတ်ဝန်းကျင်ကိုလျှောက်ငေးနေမိတယ်။ဆူညံသံတွေမရှိပဲအေးချမ်းနေပြီးတိုက်ခတ်တဲ့လေညင်းကအစလူကိုလန်းဆန်းစေသလိုမျိုးပေါ့...
စေးစေးကအိမ်ကိုသော့ခတ်နေပြီးဆိုင်ကယ်တစ်စီးယူထုတ်လာတာကိုနိုအာမြင်လိုက်တယ်။"ကားနဲ့မသွားဘူးလား စေးစေး"
"မသွားဘူးလေ...ကားနဲ့ဆိုရင်လည်ရတာအရသာမရှိဘူး လာလာ တက်"
နိုအာကဆိုင်ကယ်သိပ်မစီးဖူးသလိုမောင်းလည်းမမောင်းတတ်ဘူး။အဲ့ဒါကြောင့်တွန့်ဆုတ်နေမိတယ်။ဒါကိုစေးစေးလည်းသိတယ်ထင်ပါရဲ့,...
"မြို့သားလေးကဆိုင်ကယ်စီးရမှာကိုကြောက်နေတာပဲ...မကြောက်ပါနဲ့ ကျွန်တော့်ကိုလက်လွှတ်ပြီးပေးမောင်းရင်တောင်မျက်စိမှိတ်ပြီးအေးဆေးမောင်းလို့ရတယ်"
YOU ARE READING
Rental Boyfriend
RomanceA light and warmth story between an actor and his rental boyfriend Main characters-Noah&SaySay