Unicode
နိုအာ က စောစေးစေး ကိုအိမ်ထဲပေးဝင်လိုက်ပြီးတံခါးကိုလော့ခ်ချလိုက်တယ်။စောစေးစေးကိုကြည့်တော့အဲ့ကောင်လေးကခပ်တည်တည်ပဲဆိုဖာပေါ်မှာတက်ထိုင်နေပြီ။ဘေးမှာလဲသူ့အိတ်တွေကိုစီစီရီရီချထားတယ်။နိုအာ့လိုနတ်သားလေးတစ်ပါးကိုမြင်လိုက်ရတာတောင် စောစေးစေး ကသူများတွေလိုအထိတ်တလန့်ဖြစ်မသွားဘူး။ပုံမှန် နိုအာ့ ကိုတွေ့ကြရင်အော်ဟစ်မိကြတာကသဘာဝပဲလေ။စောစေးစေး ကျဘာလို့သူ့ကိုမသိသလိုနေနေရတာလဲ?!
"ကိုယ့်ကိုသိလား"
နိုအာမေးလိုက်တော့စောစေးစေးကသူ့ကိုမော့ကြည့်လာတယ်။ပြီးတော့ခေါင်းခါပြတယ်။
"တကယ်ကြီးမသိတာလား?!နည်းနည်းလေးတောင်မသိဘူးလား?"
နိုအာ အံ့ဩသွားရတယ်။
"ကျွန်တော်မလိမ်တတ်ပါဘူး လူကြီးမင်းကိုတစ်ကယ်မသိတာပါ...ခုမှပထမဆုံးမြင်ဖူးတာ"
တစ်ကယ်ကြီးလား?တီဗီမှာလာနေတဲ့ကြော်ငြာတွေ၊ကုန်တိုက်တွေထဲက နိုအာ့ ပုံနဲ့standeesတွေ၊social mediaပေါ်ကvideosတွေ၊အဆုံးအစွန်ပြောလိုက်ရရင်ဘတ်စ်ကားပေါ်တွေမှာတောင် နိုအာ့ ပုံတွေနဲ့ပြည့်နေတာကို။စောစေးစေးက ကျောက်ခေတ်မှာကျန်နေခဲ့တာလား။
စောစေးစေးကိုကြည့်တော့လည်းလိမ်နေတဲ့ပုံမပေါ်ပဲနဲ့တစ်ကယ်မသိလို့ပြောနေတာကအသိသာကြီး။"အိုခေ ဒါဆို starie boy groupကိုသိလား?"
"မသိဘူး..."
နိုအာ သက်ပြင်းချလိုက်ရပြီ။မသိရင်လည်းမသိသလိုနေပါစေတော့လို့ပဲတွေးလိုက်တော့တယ်။ဘယ်နှယ့်ကလေးတွေကအစဖွားဖွားတွေအဆုံးstanနေကြတဲ့သူတို့အဖွဲ့ကိုမသိဘူးလို့ပြောတာဒါပထမဆုံးကြားဖူးတာပဲ
"မသိရင်လည်းနေပါစေတော့...
ခုတော့အိပ်ချင်နေပြီမို့လို့ မနက်မှဆက်ပြောမယ်!ဟိုအခန်းကကိုယ့်အခန်း ဘေးကအခန်းမှာမင်းနေလိုက် သွားပြီနော်"နိုအာ လက်ပြပြီးသူ့အခန်းထဲပြန်ဝင်လာလိုက်တော့တယ်။မတတ်နိုင်ဘူးလေ...သူတစ်အားအိပ်ချင်နေပြီ။စကားဆက်ပြောနေရင်ပါးစပ်ကနေပေါက်ကရတွေပဲဆက်ထွက်ဖို့ရှိတော့တယ်။

YOU ARE READING
Rental Boyfriend
RomanceA light and warmth story between an actor and his rental boyfriend Main characters-Noah&SaySay