4

302 23 8
                                    

Unicode

ဒီနေ့ညကျ နိုအာ အိမ်ကိုပြန်တဲ့အချိန်ကညကိုးနာရီကျော်နေပြီ။သူကခုတလောအရင်နဲ့မတူပဲအလုပ်ပြီးတာနဲ့အိမ်ကိုပဲတန်းပြန်နေလို့လုပ်ဖော်ကိုင်ဖက်တွေကမျက်စောင်းထိုးကြတယ်။သူဂရုမစိုက်ပါဘူး...အိမ်မှာသူ့ကိုစောင့်မျှော်နေတတ်တဲ့တစ်ယောက်သောသူရှိတာကိုး...
ဒီညတော့သူတစ်ယောက်ထဲပြန်တာမဟုတ်ဘူး...ထက်စံကပါ စေးစေး နဲ့တွေ့ချင်တယ်ပြောလို့ခေါ်လာရတယ်။ထက်စံကကားမောင်းပေးပြီး နိုအာ ကဘေးကငိုက်လျက်သားပါလာတယ်။

"ရောက်ပြီထတော့"

ထက်စံ ရဲ့အသံကိုကြားမှ နိုအာ့ မျက်လုံးတွေပွင့်လာရတယ်။လေးလေးပင်ပင်နဲ့ပဲအိတ်တွေကိုသယ်ပြီးသူ့ရဲ့တိုက်ခန်းလေးဆီတက်ခဲ့တော့တယ်။ထက်စံကတော့ နိုအာ့ အနောက်ကနေလိုက်လာတယ်။
သူတို့အိမ်ထဲရောက်တော့ စေးစေး ကkitchenမှာတစ်ခုခုလုပ်နေတာကိုတွေ့လိုက်ကြရတယ်။
နိုအာ့ မျက်ခုံးတွေလှုပ်သွားရတယ်။စေးစေးနဲ့နေရတဲ့တစ်ပတ်ကျော်အတွင်းမှာ စေးစေး ရဲ့ထူးခြားဆန်းပြားတဲ့စပါယ်ရှယ်မီနူးတွေကြောင့် နိုအာ စိတ်ညစ်ခဲ့ရတာအမှန်ပါ။

"ဟာ...ကိုကိုပြန်ရောက်လာပြီလား အယ် သူငယ်ချင်းပါ ပါလာတာလား?"

စေးစေးဟာ နိုအာ့ ကိုရင်းရင်းနှီးနှီးနေပေမဲ့ နိုအာ ကတော့အနည်းငယ်စိမ်းသက်နေတုန်းပဲ...
စေးစေး က နောက်ကပါလာတဲ့သူဖြစ်တဲ့ထက်စံကိုသေချာလေးကြည့်နေတယ်။
ထက်စံကလက်လှမ်းပြပြီး...

"ဟဲလို မောင်လေး အစ်မကိုမှတ်မိလား"

ထက်စံကပြောပြောဆိုဆိုနဲ့စေးစေးအနားကပ်သွားတော့စေးစေးကအနောက်ကိုခြေတစ်လှမ်းဆုတ်သွားတယ်။စေးစေးကိုကြည့်ရတာ ထက်စံ ကိုမှတ်မိတဲ့ပုံမပေါ်ပါဘူး...ဆံပင်ကြောင့်များလား...ထက်စံ ကဆံပင်ထပ်ညှပ်လိုက်တာမကြာသေးဘူး ရာသီဥတုပူတာနဲ့စိတ်ရှုပ်လို့ဆိုပြီးတော်တော်ညှပ်ချလိုက်တာကောင်လေးတစ်ယောက်လိုဖြစ်သွားတယ်။

"အယ် မမှတ်မိဘူးပဲ..."

ထက်စံကဘာမှထပ်မပြောတော့ပဲဆိုဖာပေါ်မှာသွားထိုင်လိုက်တယ်။စေးစေးကတော့ခုနကနေရာမှာပဲမတ်တပ်ရပ်ပြီးထက်စံကိုစိုက်ကြည့်နေတယ်။သူ့ကြည့်ရတာမှတ်မိဖို့ကိုအသည်းအသန်ကြိုးစားနေသလိုပဲ...

Rental BoyfriendWhere stories live. Discover now