ဟဲလို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။Rental Boyfriendလေးcompleteသွားတော့စကားနည်းနည်းများချင်လာလို့...
2022ကတည်းကစာရေးတာကိုရပ်နားလိုက်ပြီးအခု2024ကျမှပြန်စဖြစ်တာပေါ့နော်။Rental Boyfriendကနှစ်နှစ်ကျော်ပြီးတဲ့နောက်မှာIvyအတွက်ပထမဆုံးcompleteသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။
အစကတည်းကနိုအာတို့ကိုအပိုင်းများများရေးဖို့အစီအစဉ်မရှိပါဘူး။မှန်းခဲ့တာက15ပိုင်းနီးပါးပေါ့။တကယ်လည်းရေးပြီးသွားတော့15ပိုင်းကွက်တိပြီးသွားပါတယ်:")
ဘာလို့မှန်းမသိနိုအာကိုကကိုင်တွယ်ရေးရတာလွယ်ပြီးစေးစေးကိုကျIvyမနိုင်ပါဘူး ဒါအမှန်တိုင်းပြောတာပါ။အဲ့ဒါကြောင့်ဇာတ်လမ်းအစအဆုံးနိုအာ့povနဲ့ပဲရေးခဲ့ပါတယ်။စေးစေးကိုနိုအာမြင်သလိုမျိုးပဲအကုန်မြင်ရမှာပါ။တကယ်တမ်းစေးစေးကခန့်မှန်းရခက်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီးသူဘာတွေတွေးနေမလဲဆိုတာကတော့စေးစေးကိုယ်တိုင်ပဲသိပါလိမ့်မယ်။
ဟာကွက်တွေ၊လိုအပ်ချက်တွေတစ်ပုံကြီးရှိနေပေမဲ့အခုဇာတ်လမ်းကိုကိုယ်တိုင်တော့အားရပါတယ်။ဇာတ်ကောင်နှစ်ယောက်လုံးကIvyကိုဆွဲခေါ်နိုင်ပြီးအချိန်တိုင်းကိုရေးချင်နေတော့တာပါ။ကိုယ့်ဟာကိုယ်တောင်အံ့ဩနေတာလေ တစ်လတောင်မပြည့်ပဲပြီးသွာလို့XD
ဖတ်ရတာထောက်နေပြီးအားမရတာမျိုးရှိရင်ခွင့်လွှတ်ပေးကြပါနော်^^
ပြီးတော့နိုအာကျင်လည်ရာအနုပညာလောကကိုIvyလည်းမကျင်လည်ဖူးတာမို့ဒီဇာတ်လမ်းထဲကဟာတွေကစိတ်ကူးယဉ်သက်သက်ပါ။ထပ်ပြောပါရစေ ဒီဇာတ်လမ်းကတစ်ပုဒ်လုံးကစိတ်ကူးယဉ်သက်သက်ပါ ယုတ္တိမရှိတာတွေလည်းပါနိုင်ပါတယ် seriousကြီးမယူစေချင်ပါဘူး။ပေါ့ပေါ့ပါးပါးစိတ်ခဏအပန်းဖြေစရာလောက်ပါပဲ...အမှားပါသွားရင်လည်းဖြည့်တွေးပေးကြပါ TTနောက်ဆုံးကျေးဇူးတင်ချင်တာက Author Jxeကိုပါ။အစကနေတောက်လျှောက်ဇာတ်လမ်းကိုသေချာစီးမြောပေးပြီးဘေးကနေsupportပေးလို့ကျေးဇူးပါ♡
Voteတွေနဲ့Commentတွေအတွက်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ဖတ်ပေးရင်ကိုIvyကအရမ်းကျေးဇူးတင်နေပါပြီ အိုင်လပ်ယူအော ယူလပ်အိုင်အော:o
ကဲ..ဒီလောက်ပါပဲ တာ့တာ
ကဲ..ဒီလောက်ပါပဲ တာ့တာ
YOU ARE READING
Rental Boyfriend
RomanceA light and warmth story between an actor and his rental boyfriend Main characters-Noah&SaySay