10

275 19 6
                                    

Unicode

နိုအာမနက်နိုးနိုးချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးတွေဆောင့်တက်ကုန်တယ်။ဘာလို့လဲဆိုတော့သူ့ရင်ခွင်ထဲမှာစေးစေးရှိနေပြီးအိပ်မောကျနေလို့ပါ။
ပြီးတော့အင်္ကျီတွေလည်းမပါကြဘူး...ဘောင်းဘီကိုစမ်းတော့ရှိသေး...မကျွတ်လို့တော်သေးတယ်လို့တွေးမိတယ်။နိုအာမနေ့ညကဘာဖြစ်ခဲ့ကြလဲသေချာပြန်စဉ်းစားကြည့်ရတယ်။
မနေ့ညက
မနေ့ညက
မနေ့ညကသူနဲ့စေးစေးနှစ်ယောက်တည်းသီးသန့်ပါတီဆင်နွှဲခဲ့ကြတယ်ထင်တယ်။
သေချာပြန်စဉ်းစားမှနိုအာကစေးစေးကိုအတင်းတိုက်ခဲ့ပြီးသူလည်းပဲအသေသောက်ခဲ့တာ။အဲ့ဒါပြီးဘာဆက်ဖြစ်မှန်းစဉ်းစားလို့မရတော့ဘူး။
အိပ်မောကျနေတဲ့စေးစေးမျက်နှာကိုနိုအာလက်နဲ့အသာတို့ကြည့်တယ်။စေးစေးကမနိုးဘူး။အဲ့ဒါနဲ့နှာတံချွန်ချွန်စင်းစင်းလေးကိုထိကြည့်ပြန်ရော...ဒါလည်းမောင်မင်းကြီးသားကမနိုးဘူး။သူတို့တူတူအိပ်တာကလွဲပြီးတစ်ခြားဘာမှမကျူးလွန်မိလောက်ပါဘူးနော်။နိုအာစိတ်ပူတယ်ဆိုတာကလည်းတရားအစွဲခံရမှာကြောက်လို့ပါ...

"အင်း..ခေါင်းကိုက်တယ် ကိုကို"

သူစေးစေးကိုငေးပြီးအတွေးတွေလွန်နေတုန်းမှာပဲစေးစေးကနိုးလာတယ်။စေးစေးရဲ့အသံကအိပ်ရာနိုးကာစမို့အက်ရှနေပြီးဆွဲဆောင်မှုတစ်မျိုးရှိနေသလိုပဲ...
စေးစေးကနိုးသာနိုးတာပါ နိုအာ့ရင်ခွင်ထဲကမထွက်ဘူး။

"ညကတိုက်မိတာနည်းနည်းလွန်သွားတယ်"

"ကျွန်တော်မှအများကြီးမသောက်နိုင်တာ အတင်းတိုက်ပြီးတော့ အခုကျကျွန်တော်ပဲခံရတာ"

နိုအာစိတ်မကောင်းဖြစ်သွားတယ်။အရက်နာကျတဲ့ဒဏ်ကခံရခက်မှန်းသူလဲသိတာကိုး...

"စေးစေး ခဏဟိုဖက်ရွှေ့ပေး ကိုယ်သံပုရာရည်သွားဖျော်ပေးမယ်"

စေးစေးကအိပ်ရာရဲ့ဟိုဖက်ထောင့်လေးကပ်သွားပြီးဆက်အိပ်နေတယ်။နိုအာက အင်္ကျီ ကောက်ဝတ်ပြီးkitchenဖက်ကိုထွက်ခဲ့တယ်။ရောက်တော့လည်းသံပုရာသီးကဘယ်ဆီနေမှန်းမသိ။မနည်းပြူးပြဲရှာရပြီးနောက်ဆုံးမှရေခဲသေတ္တာမှာသွားတွေ့တယ်။ဖန်ခွက်တစ်ခွက်ထဲသံပုရာရည်ကိုညှစ်ထည့်လိုက်တယ်။သံပုရာရည်မှာသံပုရာသီးအရည်အပြင်ဘာတွေထပ်ထည့်ရသေးလဲ...
ဟုတ်တယ် ဆားနဲ့သကြား။သကြားကိုနှစ်ဇွန်းလောက်ထည့်ပြီးဆားကိုနည်းနည်းထည့်မလို့လုပ်တုန်းသူ့ပုခုံးပေါ်လာမီတဲ့ခေါင်းနဲ့ခါးကိုလာဖက်တဲ့အထိအတွေ့ကိုခံစားလိုက်ရတယ်။နိုအာယောင်ပြီးဆားဘူးကိုတောင်ပစ်ချလိုက်မိတယ်။

Rental BoyfriendWhere stories live. Discover now