1

660 38 2
                                    

Unicode

ထက်စံပြောလို့ နိုအာ လည်းအငှားရည်းစားဆိုတာကိုစိတ်ဝင်စားသွားရတယ်။အငှားရည်းစားလုပ်ငန်းကလူငယ်တွေကြားမှာတစ်စထက်တစ်စပိုပိုပြီးတော့ထင်ပေါ်ကျော်ကြားလာတာကိုလူငယ်တစ်ယောက်ဖြစ်တဲ့ နိုအာ လည်းသိပြီးသား...စိတ်မဝင်စားခဲ့တာပဲရှိတာ။

"ဒါနဲ့ အဲ့အငှားရည်းစားကငါ့ကိုဘယ်လိုကူညီပေးနိုင်မှာမို့လို့လဲ?"

"ခုရိုက်မဲ့ဇာတ်လမ်းကအူကြောင်ကြောင်ကောင်လေးနဲ့ခပ်ဆိုးဆိုးကောင်လေးတို့ကြားကအချစ်ဇာတ်လမ်းမလား နင်တစ်ယောက်ယောက်ကိုငှားပြီးအဲ့ကာရိုက်တာအတိုင်းနေခိုင်းပြီးတော့လေ့ကျင့်လို့ရတယ်လေ နင်ကတော့ခပ်ဆိုးဆိုးကောင်လေးmood onလိုက်ပေါ့ဟာ"

ဟုတ်သည်။ထက်စံ ပြောတာမမှား...နိုအာ ခေါင်းတစ်ညိတ်ညိတ်လုပ်နေမိတယ်။စစချင်းမှာထက်စံနှင့်လေ့ကျင့်ကြည့်ခဲ့ပေမဲ့ဘယ်လိုမှအဆင်မပြေခဲ့ပဲတစ်ယောက်ရုပ်တစ်ယောက်ကြည့်ပြီးရယ်ကြောမိနေတာနဲ့တင်လက်မြှောက်အရှူံးပေးလိုက်ရတာ..

"နင်လိုချင်တယ်ဆိုအဲ့Agencyမှာငါသိတဲ့အူတူတူကောင်လေးတစ်ယောက်ရှိတယ် လုံးဝကိုဝတ္ထုထဲကလူအတိုင်းပဲ"

ထက်စံကဆရာမကြီးစတိုင်နဲ့ပြောလာတော့ နိုအာ စပ်စုချင်သွားရတယ်။ဒီကောင်မလေးကဒါတွေကိုဘယ်လိုသိနေတာလဲဆိုပြီးတော့ပေါ့။

"နင်ဘယ်လိုသိနေတာလဲ"

"ငါလား ငါကဆရာမကြီးပဲ ဒီလောက်ကတော့သိတာပေါ့"

ထက်စံကရည်းစားမထားပဲအငှားရည်းစားပဲထားတော့တယ်လို့ပြောတယ်။အဲ့ဒါကပိုပျော်စရာကောင်းတယ်တဲ့...
ပြောရတာရှက်စရာကောင်းပေမဲ့ နိုအာ ဘဝမှာရည်းစားတစ်ခါမှမထားခဲ့ဖူးဘူး...အဲ့ဒါကြောင့်ရည်းစားသဘာဝဖက်တာ၊နမ်းတာတွေကိုခုထိကိုမလုပ်ဖူးတာ။မင်းသား နေဝန်းထည်ဝါ ကိုလည်းသူမထိရဲဘူး...အဲ့လိုတွေဖြစ်နေလို့ ဒါရိုက်တာ နဲ့တော်တော်အဆူခံလိုက်ရသေးတယ်။နေဝန်းထည်ဝါ နဲ့တော့သူအဆင်မပြေဖြစ်လို့မရဘူး...ဘာလို့ဆို NoNay shipper ဆိုပြီးfansiteတွေအများကြီးပေါ်လာပြီလေ...ပရိတ်သတ်တွေစိတ်ဆင်းရဲအောင်သူမလုပ်ချင်တာလည်းပါတာပေါ့...နေဝန်းထည်ဝါ ဆိုတာကလည်းအပြင်မှာသာသူနဲ့အဆင်မပြေတာ။on screenရောက်သွားတာနဲ့အပြစ်ကင်းစင်တဲ့ကြောင်ပေါက်လေးလိုဖြစ်သွားရော...အဲ့ဒါကိုသူမင်သက်ပြီးအံ့ဩမိနေလို့ပြောရမဲ့ဒိုင်ယာလော့တွေမေ့ကုန်ရောလေ...နေဝန်းထည်ဝါ ကတစ်ကယ့်ကောင်ပဲလို့ နိုအာ တွေးမိတယ်...

Rental BoyfriendWhere stories live. Discover now