9

231 18 4
                                    

Unicode

စေးစေးကကြောင်ပြီးရပ်နေရာကနေသတိဝင်ပြီးအထုပ်တွေမနိုင်မနင်းသယ်နေတဲ့နိုအာ့ကိုလာကူညီပေးတယ်။

"ကိုကို...ဒါက ကိုကို့ တူလေးတွေလား"

နိုအာကချီထားတဲ့ကလေးကိုသေချာပွေ့ပြီးဆိုဖာပေါ်ထိုင်ချနေရင်းနဲ့မှခေါင်းညိတ်ပြတယ်။

"ကိုယ်ချီထားတဲ့ကလေးက ဘုံဘုံ တဲ့
ဟိုကနေတဲ့ကောင်က ဂူဂူး အဲ သူတို့နာမည်အသစ်တွေကတော့ကိုယ်မေ့နေတာ ဟိတ်ကောင် ဂူဂူး မင်းနာမည်အသစ်ကဘာလဲ"

ဂူဂူးကနိုအာ့ကိုဂရုမစိုက်ပဲဆက်ကနေတယ်။နိုအာအခုကတည်းကစိတ်လျှော့ပစ်ချင်နေပြီ။

"ဟိတ်ကောင် မင်းနာမည်အသစ်ကဘာလဲလို့"

"ရှင်းသန့်ထက်မြက်"

ဂူဂူးက ကခုန်နေရင်းကနေပြန်ဖြေတယ်။သူ့ကြည့်ရတာနိုအာနဲ့စေးစေးကိုရှက်တဲ့ပုံလည်းမပေါ်ပါဘူး။နိုအာကဂူဂူးကိုကြည့်နေရင်းနဲ့မှကြီးလာရင်နိုအာ့လိုidolတစ်ယောက်ဖြစ်လာမလားလို့တွေးနေမိလေရဲ့...
ဂူဂူးရောဘုံဘုံရောကနိုအာနဲ့တွေ့နေကျမို့တူဝရီးတွေကမစိမ်းကြပါဘူး။အပြင်မှာမတွေ့ဖြစ်ရင်တောင်video callနေကြဆိုတော့သူတို့တွေကရင်းနှီးကြတယ်။
လောလောဆယ်မှာနိုအာဆက်အိပ်ချင်သေးလို့ချီထားတဲ့ဘုံဘုံ့ကိုစေးစေးကိုထိန်းခိုင်းမယ်လို့တွေးလိုက်တယ်။ဒါကစေးစေးအပေါ်ရက်စက်ရာကျနေမလား...

"စေးစေး...ကိုယ်ခဏလောက်ဆက်အိပ်ချင်သေးလို့လေ ဘုံဘုံ့ကိုကြည့်ထားပေးလို့ရလားဟင် ဂူဂူးကကျသူ့ဟာသူနေတတ်ပါတယ်"

စေးစေးကဖြစ်ပါ့မလားဆိုတဲ့အကြည့်နဲ့နိုအာ့ကိုကြည့်လာတယ်။ဒါပေမဲ့လည်းပုံမှန်ရက်တွေမှာနိုအာကကမ္ဘာ့အလုပ်အများဆုံးလူသားဖြစ်နေတာကိုစေးစေးကသိပြီးသား...နားရက်လေးမှာနိုအာနားချင်တာကိုစေးစေးနားလည်လောက်မယ်လို့ယူဆပါတယ်။

"ရပါတယ်...သူကအသက်ဘယ်လောက်ရှိပြီလဲဟင်"

စေးစေးကဘုံဘုံ့ကိုမထိရဲသလိုမျိုးလက်ညိုးနဲ့ညွှန်ပြပြီးမေးလာတယ်။ဘုံဘုံကတော့သွားတွေမပေါက်သေးတဲ့သွားဖုံးလေးနဲ့စေးစေးကိုပြုံးပြနေတာပဲ...

Rental BoyfriendWhere stories live. Discover now