12

212 16 2
                                    

Unicode

စေးစေးက နေဝန်းထည်ဝါ တို့သတင်းကိုတွေ့ပြီးနိုအာ့ကိုတစ်ကယ်ပဲလားလို့မေးလာခဲ့တယ်။နိုအာလည်းလိမ်စရာအကြောင်းမဟုတ်တော့ဟုတ်တယ်လို့ပြန်ဖြေခဲ့ရတာပေါ့...

"ဒါဆိုကိုကိုလည်းချစ်သူထားလို့မရဘူးပေါ့နော်"

"ဘယ်သူမှမသိရင်ရတယ် ဒါပေမဲ့ paparazziတွေကသတင်းတွေဖော်တာအရမ်းကျွမ်းတာ တစ်နည်းမဟုတ်တစ်နည်းသိသွားကြမှာပဲ ဝေးကတော့နှမြောစရာကြီးကွာ ရုပ်ရှင်မှာသူသေချာပေါက်ပါရတော့မှာကို"

စေးစေးကတစ်ခုခုကိုတွေးနေသလိုမျိုးနဲ့ငြိမ်သက်သွားတယ်။နိုအာကရော...ချစ်သူလို့ပြောတာနဲ့ခေါင်းထဲတန်းရောက်လာတာကစေးစေးပဲ။သူစေးစေးကိုကြိုက်နေမိပြီလား မဟုတ်ဘူး ချစ်နေမိပြီလား။အချစ်အကြောင်းတွေးလိုက်တာနဲ့စေးစေးကိုပဲပြေးမြင်နေမိတာဘာကြောင့်လဲ နိုအာ စဉ်းစားလို့မရ...

"ကျွန်တော် ဘားအံကိုခဏပြန်မလို့ လိုက်ခဲ့ချင်လား"

မမျှော်လင့်ထားတဲ့စေးစေးဖက်ကဖိတ်ခေါ်မှု။စေးစေးနဲ့ကဆယ်ရက်နီးပါးပဲထပ်တွေ့ရတော့မှာ...မခွဲခင် နောက်ဆုံးအနေနဲ့အမှတ်တရတွေဖန်တီးသင့်လား...နိုအာခေါင်းတွေရှုပ်လာရတယ်။
ဒါပေမဲ့လည်းသူစေးစေးနဲ့မခွဲချင်ဘူး။
နိုအာအချိန်မဆွဲနေတော့ပဲ ထက်စံ ဆီဖုန်းဆက်လိုက်တယ်။

"ဟယ်လို ထက်စံ ငါ့scheduleကကြပ်နေလားဒီရက်ပိုင်း"

"သိပ်မကြပ်ဘူး interviewနဲ့CMတွေတော့နည်းနည်းရိုက်ရမယ် သုံးရက်ပြီးရင်တော့ကြပ်မှာနော် နင်တို့concertလည်းရှိသေးတာ"

"ခဏ နောက်ဆုတ်လို့ရလား"

သူမဝံ့မရဲနဲ့ပြောလိုက်တယ်။ထက်စံကလည်းလုပ်ငန်းရှင်တွေနဲ့ဆက်သွယ်ပြီးရင်ပြန်ဆက်မယ်လို့ဆိုတယ်။

"လိုက်ဖြစ်အောင်လိုက်ခဲ့မယ်နော် စေးစေး"

"မကြာပါဘူး နှစ်ရက်လောက်ပဲ"

ထက်စံဆီကနှစ်ရက်လောက်ဆိုအဆင်ပြေတဲ့အကြောင်းပြန်ကြားရတော့နိုအာရောစေးစေးရောအချိန်မဆွဲတော့ပဲ
အင်္ကျီတွေကိုကျောပိုးအိတ်ထဲမြန်မြန်ကောက်ထည့်လိုက်တယ်။စီစဉ်ထားတဲ့ခရီးထက်ဒီလိုရုတ်တရက်ထထွက်လာရတဲ့ခရီးတွေကိုနိုအာပိုသဘောကျတယ်။

Rental BoyfriendWhere stories live. Discover now