15(Final)

380 19 6
                                    

Unicode

(Note-သီချင်းဖွင့်ပြီးစာဖတ်တတ်တဲ့သူတွေအနေနဲ့ Can't take my eyes off you by Morten Harketကိုဖွင့်ပြီးဖတ်ပေးဖို့အကြံပြုချင်ပါတယ်)

နိုအာအခုအိမ်ပြန်ရောက်ပြီ။မနေ့ကကိစ္စကိုဆက်ပြောရမယ်ဆိုရင်ဖြင့်စေးစေးအိမ်ရောက်တာတောင်သူတို့နှစ်ယောက်ကစကားမပြောဖြစ်ကြဘူး။စေးစေးရဲ့မိသားစုဝင်တွေနဲ့တော့နိုအာစကားပြောဖြစ်တယ်။အဲ့လိုနဲ့နောက်တစ်နေ့မနက်ဖက်ဘားအံကနေစထွက်ပြီးနေ့လယ်လောက်ရောက်တော့နိုအာ့တိုက်ခန်းကိုပြန်ရောက်ခဲ့ကြတယ်။လမ်းတစ်လျှောက်စကားပြောလားဆိုတော့တစ်ခွန်းမှမပြောကြဘူး။နိုအာဖက်ကစချင်ပေမဲ့ကိုယ်ကဒီလိုအခြေအနေဖြစ်အောင်လုပ်ခဲ့တဲ့အတွက်စကားစဖို့ကိုမဝံ့မရဲဖြစ်နေခဲ့တယ်။
အိမ်ပြန်ရောက်တာတောင်စေးစေးကသူ့အခန်းထဲသူဝင်သွားပြီးပြန်ထွက်မလာဘူး။နိုအာလည်းအလုပ်တွေရှိသေးတာမို့စေးစေးဖက်ကိုအာရုံမစိုက်နိုင်သေးပဲပြန်ထွက်ခဲ့ရတော့တယ်။နှစ်ရက်လောက်နောက်ဆုတ်ခဲ့တဲ့အလုပ်တွေကိုစိတ်နှစ်ပြီးလုပ်နေပေမဲ့လည်းအရင်လိုမပျော်ရွှင်နိုင်ပဲလူကခပ်ထွေထွေလေးဖြစ်နေတယ်။

"နိုအာမျက်နှာလည်းမကောင်းဘူး"

ထက်စံကပြောတယ်။သူမကတော့ဘာမှမသိပါဘူး။အခုပြန်တွေးကြည့်မှနိုအာအခုလိုစိတ်ဆင်းရဲနေရတာဟာထက်စံစခဲ့လို့ဖြစ်တယ်။သူမသာနိုအာနဲ့စေးစေးကိုမိတ်မဆက်ပေးခဲ့ရင်နိုအာလည်းအခုလိုအချစ်ရူးလေးဖြစ်နေမှာမဟုတ်ဘူး။

"နည်းနည်းပင်ပန်းနေလို့ပါဟာ"

နိုအာအဲ့လောက်ပဲပြောတယ်။ဒါပေမဲ့လည်းအလုပ်ကအလုပ်ပဲမို့နိုအာသေချာအာရုံပြန်စိုက်ရတယ်။အင်တာဗျူးဖြေရတော့လည်းမေးတဲ့သူရဲ့အသံကနီးလာလိုက်ဝေးသွားလိုက်နဲ့...

"နိုအာ အခုလက်ရှိအချစ်ရေးမှာစိတ်ဝင်စားတဲ့သူရှိနေပြီလား"

နိုအာအမှန်ပဲဖြေလိုက်သင့်လား ဒါမှမဟုတ် ပရိတ်သတ်အကြိုက်လိုက်ပြီးကျွန်တော်အချစ်ရေးမှာစိတ်မဝင်စားသေးပါဘူးဆိုပြီးဖြေရမလား...

"ဒီမေးခွန်းကိုskipပါရစေနော်"

ပြောလိုက်တဲ့သူကနိုအာမဟုတ်ပဲထက်စံ။
သူမကလူ့အရိပ်အကဲကိုနားလည်လွန်းပြီးနိုအာ့အကြောင်းကိုလည်းနောကြေနေအောင်သိပြီးသား...အဲ့အခါကျမှနိုအာလည်းအသက်ရှူချောင်သွားတော့တယ်။

Rental BoyfriendWhere stories live. Discover now